ဘုရားကျောင်းသွားတဲ့လမ်းမှာ ကားတိုက်ခံခဲ့ရ​တဲ့ မီးမီးခဲရဲ့ခင်ပွန်းနဲ့ကလေးများ

ဘုရားကျောင်းသွားတဲ့လမ်းမှာ ကားတိုက်ခံခဲ့ရ​တဲ့ မီးမီးခဲရဲ့ခင်ပွန်းနဲ့ကလေးများ

အဆိုတော် မီးမီးခဲဆိုတာနဲ့ ချစ်တဲ့ပရိသတ်တွေကို ထာဝရနှုတ်ဆက်သွားခဲ့တဲ့ သူတစ်ယောက်ပါ။သီချင်းတွေနဲ့ပရိသတ်တွေကို အမြဲရသတွေပေးခဲ့ပေမယ့် နောက်ဆုံးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။သူကွယ်လွန်ချိန်မှာ ကလေးတွေကျန်ခဲ့ပြီး ဖခင်ဖြစ်သူက ထိန်းကျောင်းပေးနေခဲ့တာပါ။ဖခင်ဖြစ်သူကလည်းကလေးတွေကို လွမ်းနေတဲ့ပရိသတ်တွေအတွက် liveလေးတွေ လွှင်ပေးခဲ့တာပါ။

အခုအခါမှာလည်း ကားတိုက်ခံခဲ့ရပေမဲ့ အသက်အန္တရာယ်ကနေ လွတ်ခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့တာပါ။”ဘုရားသာမကွယ်ကာခဲ့ရင် ကျွန်တော်တို့ဒီနေ့ထိ အသက်မရှင်နိုင်ပါဘူး။

ကျွန်တော်နဲ့ ကျွန်တော့်သားနဲ့ သမီးအတွက် ဘုရားရဲ့ကွယ်ကာခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါတယ် ပြီးခဲ့တဲ့ 2022 Novemberလ ကျွန်တော့်အဖေမွေးနေ့ ကျေးဇူးတော်ချီးမွမ်းရှိလို့ ဘုရားကျောင်းကို သွားတဲ့လမ်းမှာ မထင်မှတ်ပဲ ကျွန်တော့်ကားကို ကားတစ်စီးက မောင်းနေရင်း ဝင်တိုက်သွားတယ်။

ဘုရားရဲ့ကွယ်ကာခြင်း ကျေးဇူးတော်ကြောင့် ကျွန်တော်ရော ခလေးတွေရော ဘာမှမဖြစ်ခဲ့ပါဘူး။ကားကတော့ ပျက်စီးသွားပါတယ်။ကျွန်တော်နဲ့ သားနဲ့သမီး အခုထိ ကားစီးဖို့ ကြောက်နေမိတယ်…

ဘုရားသာမကွယ်ကာခဲ့ရင် ကျွန်တော်တို့ အဲ့နေ့ဘုရားကျောင်းလည်း မရောက်နိုင်သလို အခုလို အဖေနဲ့လည်း ဓာတ်ပုံရိုက်နိုင်မှာမဟုတ်ဘူး။မထင်မှတ်တဲ့အချိန်မှာ ကျွန်တော်တို့ အမျိုးမျိုးဖြစ်ပျက်နိုင်ပေမယ့် ဘုရားက အမြဲကွယ်ကာပေးလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။

ကျွန်တော်အခုထိ သားနဲ့သမီးကို ကျောင်းပို့ပေးခွင့်၊သူတို့နဲ့အတူရှိခွင့်၊သူတို့ကို ရေချိုးပေးခွင့် ရသေးတာတွေ၊သူတို့နဲ့အတူ သီချင်းတွေလုပ်ခွင့်၊သူတို့အတွက် အများကြီး လုပ်ဆောင်ပေးနေခွင့်ရသေးတာ ဘုရားကျေးဇူးတော် သက်သက်ကြောင့်ပါ။

ဒီလိုဖြစ်ဖြစ်ခြင်းမှာ ကြားပြီး ရောက်လာပြီး ကူညီပေးကြတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်”ဆိုပြီးတော့ ပြောပြလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*