လူကြီးချင်းစကားများရာမှ မကျေနပ်လို့ဟုဆိုကာ အပြစ်မဲ့တဲ့ (၅)နှစ်အရွယ်သမီးငယ်လေးကို ရက်ရက်စက်စက်

လူကြီးချင်းစကားများရာမှ မကျေနပ်လို့ဟုဆိုကာ အပြစ်မဲ့တဲ့ (၅)နှစ်အရွယ်သမီးငယ်လေးကို ရက်ရက်စက်စက်

လူကြီးချင်းစကားများကြရာမှ မကျေနပ်သဖြင့် အသက်(၃၀)ရွယ်အမျိုးသားမှ (၅)နှစ်သမီးလေးကို…

လူကြီးချင်း စကားများရန်ဖြစ်ကြရာမှ မကျေနပ်သဖြင့် အသက်ငါးနှစ်ခန့်အရွယ်ရှိ သမီးဖြစ်သူကို အ-ဓ-မ္မ-ပြု-ကျင့် thet ဖြတ်မှုတစ်ခု လွယ်ဂျယ်မြို့တွင် ဖြစ်ပွားခဲ့သည်။အ-ဓ-မ္မ-ပြုကျင့်သတ်ဖြတ်ခံရသူသည် ငါးရက်ခန့်ကြာ ပျောက်ဆုံးနေခဲ့ပြီး ပုပ်-ပွနေသည့် အ-လောင်းကို ယနေ့နံနက်ပိုင်းက ကြံခင်းတစ်ခုတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။

“Tay သွားတဲ့ ကလေးရဲ့အမေနဲ့ စကားများကြတာ စကားများတော့ ဟိုတရားခံရဲ့အမျိုးသမီးက သွေးလန့်ပြီးတော့လေဖြတ်သွားတာ။သူ့အမျိုးသမီးက ကလေးမွေးထားတာ သုံးရက်လောက်ပဲရှိသေးတယ်၊မကျေနပ်တဲ့ သဘောမျိုးနဲ့ လာလုပ်တာ သူ့အမေကို ရန်ပြုတာ မရတော့ ကလေးကိုခေါ်သွားတာ မကျေနပ်တဲ့သဘောမျိုးနဲ့ လာလုပ်တာ ကလေး-အ-လောင်းက တော်တော်ပုံပျက်နေပြီ ဘယ်လိုမှကို ကြည့်မရတော့ဘူး”ဟုပြောသည်။

ကျူးလွန်သူ အမျိုးသား အသက်(၃၀)နှစ်ခန့်အရွယ်ရှိ ဦးကျော်မင်းခန့်ကို CCTV မှတ်တမ်းမှတဆင့် ခြေရာခံကာ မိုးမောက်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ လွယ်ဂျယ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။

ကျူးလွန်ခံခဲ့ရသည့် အသက်(၅)နှစ်ခန့်အရွယ်ရှိ ကလေးငယ်၏ အ-လောင်း-ကို မိုးမောက်ဆေးရုံသို ပို့ဆောင်ထားကြောင်းသိရသည်။လွယ်ဂျယ်မြို့သည် မိုးမောက်မြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ဂိတ်(၁၀)ခုတွင် တစ်ခုပါဝင်သည်။

Be the first to comment

Leave a comment

Your email address will not be published.


*