အဖေဖြစ်သူက ကိုယ့်သမီးအရင်းကို ခြိမ်းခြောက်ပြီး အကြိမ်ကြိမ်ပြုကျင့်မှု့ဖြစ်ပွားခဲ့

အဖေဖြစ်သူက ကိုယ့်သမီးအရင်းကို ခြိမ်းခြောက်ပြီး အကြိမ်ကြိမ်ပြုကျင့်မှု့ဖြစ်ပွားခဲ့

ရန်ကုန်၊ဇွန်လ၂၁။ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မြောက်ပိုင်းရှိ ရှမ်းရွာတွင် အသက်_နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၄င်း၏ဖခင်ဖြစ်သူကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း ဆွာနယ်မြေရဲစခန်းမှ အတည်ပြုသည်။သမီးအရင်းဖြစ်သူအား သားမယားပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ခံထားရသူမှာ အသက်၃၇နှစ်အရွယ်ခန့်ရှိသည့် သိန်းဇော်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

သိန်းဇော်ဝင်းမှာ ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည်မှာ ၁နှစ်ခွဲခန့်ရှိပြီးဖြစ်ကြောင်း၊ နေအိမ်တွင် သမီးဖြစ်သူနှင့် နှစ်ဦးတည်းသာ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။”ကောင်မလေး အခြေအနေက တစ်မျိုးဖြစ်လို့ ကိုယ်ဝန်ရှိတယ်လို့ သူတို့အိမ်နီးနားချင်းတွေရဲ့ပြောပြချက်အရပေါ့။ဆေးစစ်ခိုင်းတယ် ဆေးစစ်ကြည့်ရာ ကနေပြီးတော့ နှစ်ကြောင်းပေါ် တယ်ပေါ့ဗျာ။

အဲ့ဒီလိုမျိုးပေါ့ အဲ့ဒါကြောင့်မို့ အဲ့ဒီရပ်ကွက်က ရပ်ကွက်လူကြီးတွေကပဲ တရားလို ပြုလုပ်ပြီးတော့ အမှုဖွင့်လိုက်တာပေါ့”ဟု ပြီးခဲ့တဲ့ ဇွန်လ၂၁ရက်တွင် ဆွာနယ်မြေရဲစခန်းမှ ဒုရဲအုပ် မြလွင်ဦးက ပြောသည်။အဆိုပါအမှုနှင့်ပတ်သက်ပြီး ရှမ်းရွာမှ ရပ်ကွက်လူကြီးများက တရားလိုပြုလုပ်တိုင်တန်းချက်အရ အသက်၃၇ နှစ်အရွယ် သိန်းဇော်ဝင်း ဆိုသူကို ဆွာနယ်မြေရဲစခန်းတွင် (ပ)၈၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ဖြင့် ဇွန်လ၁၉ရက်နေ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သိန်းဇော်ဝင်းဆိုသူကို လက်ရှိတွင် ဆွာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။၎င်းအားအမှုဖွင့်ထားသည့် ပုဒ်မ-၃၇၆မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး မုဒိမ်းမှုကျူးလွန်သူအား အမြင့်ဆုံးပြစ်ဒဏ် တစ်သက် တကျွန်းဖြစ်စေ၊ ၁၀နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

Be the first to comment

Leave a comment

Your email address will not be published.


*