(၁၂)နှစ်ရွယ်သမီးအရင်းကို ညစဥ်နီးပါးပြုကျင့်ခဲ့တဲ့အပြင် အခြားသူများထံမှလည်း ပိုက်ဆံယူကာ ဆက်ဆံခိုင်းခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်

(၁၂)နှစ်ရွယ်သမီးအရင်းကို ညစဥ်နီးပါးပြုကျင့်ခဲ့တဲ့အပြင် အခြားသူများထံမှလည်း ပိုက်ဆံယူကာ ဆက်ဆံခိုင်းခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်

မုံရွာမြို့၊အလုံရပ်ကွက်တွင်နေထိုင်သော သိန်း လွင် (အသက် ၄၀နှစ်)သည် အသက်(၁၂)နှစ်အရွယ်ရှိ မိမိ၏ သမီးအရင်းဖြစ်သူအား ညစဉ်နီးပါး မုဒိမ်းကျင့်ခဲ့ပြီး ယောက်ဖနှင့်တကွ အခြားသူများထံမှလည်း ငွေယူကာ သမီးအရင်းဖြစ်သူအား ကာမဆက်ခံခိုင်းသည့် သက်ငယ်မုဒိမ်း ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး ယခုအခါ မုံရွာခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ၃၇၆ဖြင့် တရားစွဲဆိုထားပြီး အမှုအမှတ် (၂၉/၂၀၁၇)ဖြင့် ရုံးတင်စစ်ဆေးနေကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အလုံရပ်ကွက်တွင် နေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်သူ သိန်းလွင်သည် ပထမဇနီး ဒေါ်မြင့်မြင့်စိန်နှင့် သမီးတစ်ယောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ထို့နောက် အဆိုပါသိန်းလွင်သည် မယားငယ်ယူပြီး မယားငယ်ကိုပါ အိမ်ပေါ်အထိ တင်ထားကာ ပေါင်းသင်းနေခဲ့သည်။အိမ်တွင် မယားကြီးဖြစ်သူနှင့် သမီးတစ်ယောက်၊သားတစ် ယောက်နှင့်အတူ မယားငယ်ဖြစ်သူနှင့် မယားငယ်မှ မွေးဖွားထားသော ကလေးတစ်ယောက်နှင့်တကွ အတူနေထိုင်ကြသည်။

ထိုကဲ့သို့ အတူနေထိုင်ရာတွင် သိန်းလွင်သည် မိမိ၏ သမီးအရင်းဖြစ်သူအား ညစဉ်နီးပါး မုဒိမ်းကျင့်ခဲ့သည်။သမီးဖြစ်သူမှ ရုန်းကန်သောအခါ ဓားနဲ့ထိုးမည်၊ ဆေးလိပ်မီးနဲ့ထိုးမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။သမီးအရင်း၏ ခြေထောက်များကိုလည်း ဆေးလိပ်မီးနှင့် အကြိမ်ပေါင်းများစွာ ထိုးကာ နှိပ်စက်ပြီး မုဒိမ်းကျင့်ခဲ့သည်။တခါတရံတွင် ယောက်ဖဖြစ်သူနှင့် ယောက်ဖ၏ သူငယ်ချင်းဖြစ်သူများထံမှ ငွေယူကာ မိမိ၏သမီးအရင်းအား ဆက်ဆံစေခဲ့သည်။

လွန်ခဲ့သော ၂၀၁၇ခုနှစ်၊ဧပြီလ(၁၇)နေ့ ညသန်းခေါင်ယံအချိန်တွင် သမီးဖြစ်သူမှာ ကာမနှိပ်စက်မှုများဒဏ်မှ မခံနိုင်သည့်အဆုံး အိမ်နီးချင်းဖြစ်သူ ဒေါ်အေးထံသို့ လာရောက် တိုင်ကြားရာမှတစ်ဆင့် ဒေါ်အေးမှ ရဲစခန်းတွင် အမှုဖွင့်ပေးရာမှတစ်ဆင့် ဖခင်ဖြစ်သူမှ မိမိသမီးအရင်းဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည့် အမှုအားဖော်ထုတ်နိုင်ခဲ့ပြီး ယခုအခါတွင် မုံရွာခရိုင်တရားရုံးတွင် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရပါသည်။မိမိတို့ Justice House မှလည်း တရားလိုများအား ကူညီပေးမှုများနှင့် တရားရုံးဖြစ်စဉ်အား စောင့်ကြည့်အကဲခတ်မှုများ ပြုလုပ်ပေးနေလျက်ရှိပါသည်။C r d

Be the first to comment

Leave a comment

Your email address will not be published.


*