သားဦးကိုယ်ဝန်ကို အရပ်လက်သည်နဲ့မွေးပြီး မနိုင်တော့မှ ဆေးရုံရောက်လာတဲ့အခါ
ပိုက်ဆံမွဲတာထက် အသိဉာဏ်မွဲတာ ကြောက်စရာ…
မလော့ချောင်ရွာ ကိုယ်ဝန်ဆောင်မိခင် သားဦးကိုယ်ဝန်ကို သားဖွားဆရာမနဲ့ပြတယ် မွေးတော့အရပ်လက်သည်နဲ့မွေးတယ်။ကိုယ်ဝန်အဆိပ်တက်ရောဂါလည်းရှိပြီး တကိုယ်လုံးဖောရောင်နေတယ်။အရပ်လက်သည်က နှိပ်ထားနိုက်ထားတော့ မွေးလမ်းကြောင်းတစ်ခုလုံး ရာင်ကိုင်းနေပြီ၊ရေမွာတွေတောင်ပုတ်ပြီး ညင်းသိုးသိုးအနံ့ရနေပြီ မနိုင်တဲ့အဆုံးမှာတော့ ဆေးရုံရောက်လာတယ်။
ဒီနေ့ခွဲပေးရမဲ့ အရေးကြီးလူနာက ခြောက်ယောက်ဖြစ်နေပြီ ခုနှစ်ယောက်အတွက် မြို့နယ်ဆေးရုံမှာအခက်အခဲရှိတော့ သထုံဆေးရုံသွားဖို့ ပြောရတယ် ပုံစံမျိုးစုံနှင့် အကြောင်းပြဘူးခံတယ်။အနားရှိနေတဲ့ သဘောကောင်းလှတဲ့ မိခင်တစ်ယောက်က မကြည့်ရက်နိုင်တော့လို့ ဆရာကြီး ကျမရက်ရွေ့ပေးလိုက်မယ်၊ဒီလူနာကို ဆရာကြီးတို့ ဦးစားပေးလိုက်ပါဆိုလို့ ခွဲပေးလိုက်ရတယ်။
ကလေးက ပြာနှမ်းပြီးထွက်လာတယ်၊အသက်ကမရူတော့ဘူး၊သူနာပြု ဆရာမတွေလည်း ရလို့ရငြားကြိုးစားပေးပါတယ်။ကံကောင်ချင်တော့ နာရီဝက်အကြာမှာ ကလေးနှလုံးခုန်သံ ရလာတယ်၊အသက်ရှုလာတယ် ကလေးအတွက် ကံကောင်းသွားပါတယ်။
ဒီဆေးရုံက လက်မခံလို့လွဲလိုက်လို့ ကလေးသေဆုံးသွားခဲ့ရင် ပြသာနာရှာကြအူးမယ်။ရက်ရွေ့ပေးတဲ့ကိုယ်ဝန်ဆောင် မိခင်သည်ကို စိတ်ထဲက တကယ်ကျေးဇူးတင်မိတယ်။ကလေးမိဘတွေကြည့်ရတာ အသက်ငယ်ပြီး ပိုက်ဆံမတတ်နိုင်တဲ့ပုံစံလေး ဖြစ်ပုံရပါတယ်။ပိုက်ဆံမွဲတာထက် အသိဉာဏ်မွဲတာ ပိုကြော က်ဖို့ ကောင်းပါတယ်ဗျာ။
ကလေးများ သေဆုံးသွားခဲ့ရင် ဆေးရုံက ပိုက်ဆံမပါလို့ မလုပ်ပေးလို့ သေတယ်ဖြစ်ရဦးမယ်။မိခင်ဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် သေရင်ပြသာနာက ပြီးမသွားဘူး။အပိုင်ဆရာမက သေသူအိမ်ကို မျက်နှာငယ်လေးနဲ့သွား၊စိတ်ညိုးငယ်စွာနဲ့ မေးရမြန်းရ၊အစီရင်ခံစာ တပုံတစ်ပင်နှင့် ရေးတင်ဖို့လုပ်ရအူးမယ်၊ဘာကြောင့်သေတယ်ရှာဖွေရအုံးမယ်။
လူနာကြောင့်လား၊ဆင်းရဲမွဲတေမှုကြောင့်လား၊ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် အသုံးမကျလို့လား၊လမ်းပန်းဆက်သွယ်ရေးလား၊လားပေါင်းများစွာနဲ့ စဉ်းစားပြီး အစီရင်ခံစာ တင်ပေတော့ပဲ။ပြောချင်ပါတယ်ဗျာ မတတ်နိုင်ရင် ကျသမျှဆေးဖိုးကို တာဝန်ယူပေးပါမယ်၊နောက်တခါဆို သားဦးကိုယ်ဝန်ကို အရပ်လက်သည်နဲ့ မမွေးကြဖို့တောင်းပန်ပါတယ်။လူ့အသက်နဲ့ယှဉ်ရင် ငွေကြေးက အရေးမကြီဘူး ဆေးရုံကိုသာ စောစောလာခဲ့ပါ၊မရှိရင်လည်း ဆေးဖိုးလဲပေးမှာပါ။
ကလေး အသက်သာရှင်ရင် အကုန်ကျခံချင်လွန်းလို့ပါ ကလေးအမေရဲ့ ငိုသံတွေက ကိုယ့်ကိုနာကျင်စေပါတယ်။ရှေ့ရှေးတွေကလဲ တာဝန်မယူနိုင်ပဲသက်ဦးတွေကို မွေးပေးလို့သေခဲ့ရတာ အကြိမ်ကြိမ်ရှိခဲ့ရက် အခုလဲတာဝန်မယူနိုင်ပဲ မွေးပေးနေတဲ့ အရပ်လက်သည်တွေကိုတော့ ဘာပြောရမှန်းကိုမသိ။ဘယ်လိုပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ အထာတွေလား …စိ တ်ပျက်စရာ နေ့လေးတစ်နေ့ပဲ။Crd ;ကျန်းမာရေးဦးစီးဌာန/ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ
Be the first to comment