သူတင်သမျှ Post တိုင်းကို ဟဟ အမြဲလာပေးတဲ့ သူငယ်ချင်းကို ဒေါသထွက်ကာ ဓားဖြင့်…

သူတင်သမျှ Post တိုင်းကို ဟဟ အမြဲလာပေးတဲ့ သူငယ်ချင်းကို ဒေါသထွက်ကာ ဓားဖြင့်…

စစ်ကိုင်းမြို့တွင် Facebook မှာတင်သမျှ Post များကို “ဟဟ” ပေးသည့် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ

စစ်ကိုင်းမြို့၊အုတ်စက်ရပ်ကွက်၌ ယမန်နေ့ ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် တင်သမျှ Post များကို ဟဟ လိုက်ပေးနေသည့် အမျိုးသားတစ်ဦး ဓားဖြင့် ထိုးခံရ၍ သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်၊အုတ်စက် ရပ်၌ ယမန်နေ့ည ရှစ်နာရီဝန်းကျင်က အမျိုးသားနှစ် ဦး အရက်အတူသောက်စားကြရင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟဟ ပေးသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ကြရာမှ ဓားထိုးမှု့ဖြစ်ခဲ့သည်ဟု ရပ်ကွက် နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“မင်းက ဘာသဘောနဲ့ ငါpostတင်တိုင်း ဟဟ ပေးတာလဲ”ဆိုပြီး ဓားနဲ့ထိုးတဲ့သူက ပြောတာကို သေတဲ့သူက ပြန်ပြောတယ် “မင်းတင်တာတွေက ရယ်စရာပါလို့” ပြောလိုက်တာ အဲ့ဒီမှာတင် အောင်ကိုဇင်က “နောက်တစ်ခါ မရယ်နိုင်အောင် လုပ်ပေးမယ်”ဆိုပြီး ဓားနဲ့ထိုးလိုက်တာဟု ရှင်းပြသည်။

သေဆုံးသူမှာ ကိုဖိုးသား (ခ)ကိုသန်းဇော်ဦးဖြစ်ပြီး မိခင်ဖြစ်သူနှင့် ဇနီးဖြစ်သူကို လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦး ဖြစ်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ကိုအောင်ကိုဇင်အား စစ်ကိုင်း မြို့မရဲစခန်းမှ ညပိုင်းတွင် ဖမ်းဆီးရမိကာ ပုဒ်မ၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။ကိုပေါက်၊ဓာတ်ပုံ-CJ

Be the first to comment

Leave a comment

Your email address will not be published.


*