ဦးလေးကိုသာကြည့်မရတာ တူမလေးကိုတော့ ကြည့်လို့တောင်မဝနိုင်ဘူးဆိုတဲ့ ဒေါင်းဝေ

ဦးလေးကိုသာကြည့်မရတာ တူမလေးကိုတော့ ကြည့်လို့တောင်မဝနိုင်ဘူးဆိုတဲ့ ဒေါင်းဝေ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဒေါင်းဝေကို ပရိသတ်ကြီးတို့အားလုံး သိပြီးသားဖြစ်မှာပါ။ဒေါင်းဝေဟာ ဇာတ်ကားတွေထဲမှာသာ ဇာတ်ကောင်စရိုက်ပုံစံမျိုးစုံနဲ့ သရုပ်ဆောင်ပေမယ့် သူ့ရဲ့အပြင်လက်တွေ့ဘဝမှာတော့ လူပျိုကြီးပီပီ လွတ်လပ်ပေါ့ပါးစွာပဲနေထိုင်တတ်တာ ဖြစ်ပါတယ်။

ဒေါင်းဝေဟာ အနုပညာအလုပ်အပေါ်မှာလည်း တာဝန်ကျေသလို သူကျင်လည်ပေါင်းသင်းနေရတဲ့ အနုပညာလောကသားတွေ အားလုံးကိုလည်း လေးစားတန်ဖိုးထားတတ်သူ တစ်ယောက်ပဲဖြစ်ပါတယ်။ဒီကနေ့မှာလည်း ဒေါင်းဝေက သူနဲ့အပြင်မှာ ခင်မင်ရင်းနှီးပြီးသားဖြစ်တဲ့ အွန်လိုင်းဆယ်လီ ကျော်ကျော်နန္ဒကို အရွှန်းဖောက် စနောက်လာခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းဝေက ကျော်ကျော်နန္ဒကို “ဦးလေးကိုသာ ကြည့်မရတာ တူမကျ ကြည့်မဝဘူး😎”ဆိုပြီးတော့ ကျော်ကျော်နန္ဒကိုသာ ကြည့်မရဖြစ်ပေမယ့်လည်း ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိန္ဒြာလေးကိုတော့ ကြည့်လို့တောင်မဝဘူးလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိန္ဒြာကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ Miss Grand Pyin Oo Lwin သရဖူဆောင်းနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ကျော်ကျော်နန္ဒကလည်း တူမလေး ကျော်ကျော်အိန္ဒြာကြောင့် ပရိသတ်တွေက ဦးလေးလို့ခေါ်ပြီး စနောက်ခံနေရတာပဲ ဖြစ်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*