ထီပေါက်မယ့်အိမ်မက် (သို့မဟုတ်) ငွေအထုတ်လိုက် အထည်လိုက်ဝင်တော့မယ့် နိမိတ်အိမ်မက်များ
အောက်ဖော်ပြပါ အိမ်မက်တွေကို မိတ်ဆွေအနေနဲ့ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်၊ မကြာခဏဆိုသလိုပဲဖြစ်ဖြစ် မက်နေခဲ့ရင်တော့ မကြာခင်ကာလမှာ ကောင်းသောကံကြမ္မာတွေ မိတ်ဆွေဆီကိုအစုလိုက်အပြုံလိုက် ဝင်လာတော့မယ်ဆိုတာ ကြိုတင်သိထားရမှာဖြစ်ပါတယ်။မိမိရဲ့အိမ်မက်ထဲမှာ ရဟန်းသံဃာတစ်ပါးပါးကဖြစ်စေ/ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးကဖြစ်စေ/နတ်သားနတ်သမီးကဖြစ်စေ အိမ်မက်ထဲမှာ သင်အလိုရှိရာဆန္ဒပြည့်စေလို့ ဆုပေးတဲ့အိမ်မက်မျိုးမက်လာပြီဆိုရင်တော့ မကြာခင်သင့်ထံ ကံကောင်းခြင်းတွေ၊ ငွေတွေ ဒလဟောဝင်လာမယ့်နိမိတ်ဖြစ်ပါတယ် ထီထိုးပါ။
ရွံရှာဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက်တို့နှင့်တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မက်သည်ဖြစ်စေ မိမိကိုယ်၌ မစင်လိမ်းကျံရခြင်း၊မစင်တွင်းကြီးထဲသို့ကျရောက်ရခြင်း၊လူတစ်ဦးတစ်ယောက်က မိမိအား မစင်ထုတ်လာပေးသည်ဟု မြင်မက်ခြင်း၊ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ်ကပ်ရောက်လာသည်ဟု မြင်မက်ခဲ့ရင် ငွေဝင်မယ့်နမိတ်ဖြစ်ပါတယ်။နေလကြယ်တို့ကို မိမိကိုယ်တိုင်ဆွတ်ခူး၍ လက်တွင်းသို့ ရောက်သည်ဟု မြင်မက်သည်ဖြစ်စေ၊ ပုဂ္ဂိုလ်ကြီးတစ်ဦးဦးက ဆွတ်၍ပေးသ ည်ဟု မြင်မက်သည်ဖြစ်စေ နေ၊လ၊ကြယ်နက္ခတ်တို့သည် မိမိဆီသို့ ကြွေ၍ကျသည်ဟု မြင်မက်ခဲ့ရင် ကောင်းတဲ့နမိတ်တွေ ဖြစ်ပါတယ်။
မြွေပွေး မြွေဟောက်စသော တိရစ္ဆာန်များသည် တောင်ပို့တစ်ခုခုတွင်ဖြစ်စေ၊ကုန်းမြင့်ပေါ်တွင်ဖြစ်စေ၊တစုံတခုသော အိုးခွက်စသည်တို့၌ တည်ရှိနေ၍ ၄င်း မြွေများကို မိမိကိုယ်တိုင်နှိမ်နင်း၍ အတွင်းရှိပစ္စည်းများကို ယူဆောင်ခဲ့သည်ဟုမြင်မက်သော် ထီပေါက်မည့် အိမ်မက်ဖြစ်သည်။အဘိုးအနဂ္ဃထိုက်တန်လှသော ရွှေကြက်ဥကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လာရောက်၍ပေးသည်ဟု မြင်မက်ခြင်းသည်လည်း ထီပေါက်မည့် အိမ်မက်ဖြစ်သည်။
နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊နွားကိုစီး၍ ထင်ရှား ကျော်စောသည်ကို မြင်မက်ခဲ့သော် ထီပေါက်တတ်သော အိမ်မက်များဟုဆိုလိုသည်။(7နဲ့စ 7နဲ့ဆုံးတဲ့ ထီကိုထိုးပါ နှစ်လုံးသုံးလုံးလည်း ရတယ်)
ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးထံမှလည်းကောင်း၊ ရသေ့ရဟန်းထံမှလည်းကောင်း၊ မွန်မြတ်သော သစ်သီးတစ်ခုခုကိုရသည်ဟု မြင်မက်သည်ဖြစ်စေ၊ သစ်ပင်တပင်ပေါ်ရှိ သစ်သီးများကို ဆွတ်ယူ၍ စားရသည်ဟုမြင်မက်သည်ဖြစ်စေ၊အခြားအကူအညီတစ်ခုခုကြောင့် ဆွတ်ခူး၍ရသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်ပါတယ်။လူသေကောင်၏ အသားကို စားရသည်ဟု မြင်မက်သော်လည်းကော င်း၊လူသေကောင်၌ ပိုးလောက်တို့ဖြင့် ပြည့်နှက်လျက် ထိုအသားကို မိန်ရှက်စွာစားရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူ၏အချင်း လူ၏အူတို့ကို စားရသည်ဟု မြင်မက်သော် ငွေအလုံးအရင်းနှင့်ဝင်မယ့် အိမ်မက်ဖြစ်သည်။
အဖိုအနဂ္ဃထိုက်တန်လှစွာသော ပတ္တမြားရတနာကိုဖြစ်စေ၊မွန်မြတ်သောဝတ္ထုပစ္စည်းတခုခုကိုဖြစ်စေ၊ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်ကြီးတဦးက ယူဆောင်လာပြီး ၄င်းပစ္စည်းသည် သင့်အဖို့ အကျိုးခံစားပါလော့ဟု ပြောဆို၍ ပျောက်ကွယ်သွားသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်ပါသည်။လူ၏ရင်ကိုခွဲ၍ သွေးကိုသောက်ရခြင်း၊သွေးကိုရေချိုးရခြင်း၊ ဥအမျိုးမျိုးကို စားသုံးရခြင်း၊ငါးအမျိုးမျိုးကို ဖမ်းရခြင်းစသော အိမ်မက်မျိုးသည်လည်း ထီပေါက်နိုင်သော နိမိတ်ပြအိမ်မက်ဟုဆိုသည်။ကျက်သရေမင်္ဂလာရှိသော ရွှေဥဒေါင်းငှက်သည် အရပ်တခုမှပျံသန်း၍လာပြီးလျှင် မိမိဦးခေါင်းပေါ်သို့ မစင်စွန့်သည်ဟုမြင်မက်သော်လည်းကောင်း၊
တခုခုသောငှက်သတ္တဝါသည် အစာကိုချီ၍ ပျံသန်းလာရာ ထိုအစာကို မိမိလက်ဝယ်သို့ရသည်ဟု မြင်မက်သော်လည်းကောင်း ထိုသို့အိမ်မက်တို့သည် ထီပေါက်မည့် အိမ်မက် ငွေအလုံးအရင်းလို က်ဝင်မည့် အိမ်မက်များဖြစ်သည်။ဖော်ပြပါအိမ်မက်များကို မြင်မက်ပြီးရင် ပြန်မအိပ်မိဖို့တော့လိုပါတယ်။ချက်ချင်းထပြီး ပုတီးစိတ်ခြင်း ဂုဏ်တော်ပွားခြင်း ဘုရားရှိခိုးခြင်းများပြုလုပ်လိုက်ရင် ပိုပြီးမြန်မြန်ဆန်ဆန် ကံကောင်းခြင်းတွေရောက်ရှိ လာပါလိမ့်မယ်။မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။C r d
Be the first to comment