ဆုတောင်းပြည့်လွန်းလွန်းလို့ “မဖူးရ”လို့ အမိန့်ထုတ်ပြန်ပြီး သော့ခတ်ထားခဲ့ရတဲ့ ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး
စစ်ကိုင်းတောင်တစ်ဖက်ကမ်းက ရွှေကြက်ယက်စေတီအတွင်းမှာရှိပါတယ်။ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာ တစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်။အနော်ရထာ မင်းကြီးလက်ထက်မှာတစ်ကြိမ်၊နရပတိစည်သူမင်းကြီးလက်ထက်မှာတစ်ကြိမ် မည်သည့်မင်းညီမင်းသားမှ မဖူးရလို့ အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ်ဆိုတဲ့ ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ဆုတောင်းပြည့်ဝလွန်းတယ်ဆိုတဲ့ ဇာတ်ကြောင်းလေးကိုဖတ်မိရင် ပိုပီးလေးနက်စေမှာမို့ ဇာတ်လမ်းလေးကိုအတိုချုပ်လို့ရေးပါရစေ။
ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာ ညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကို တပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တို က်ဖို့ လွှတ်လိုက်ပါတယ်။ထုံးစံအတိုင်း ငဆောင်ချမ်း ‘အရပ်ပေါ့။အဲဒီကာလတုန်းက နေပြည်တော်ရဲ့ စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ ဗန်းမော်မြို့အနီးမှာရှိတဲ့ ရှေ့တန်းစခန်း ငဆောင်ချမ်းဖြစ်ခဲ့ရပါတယ်။
ညီတော် နရပတိစည်သူ စစ်ထွက်သွားတဲ့ အချိန်မှာ ဘုရင်မင်းယဉ်နရသိင်္ခဟာ ညီတော်ရဲ့မိဘုရား ဝေဠုဝတီကို သိမ်းပိုက်ခဲ့ပါတယ်။ဝေဠုဝတီဆိုတာ ဝါးထဲကရတဲ့ သံသေဒဇ မိန်းကလေးဖြစ်တာမို့ လှပချောမောလွန်းတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။နေပြည်တော်မှာ အကြောင်းထူးရင် လိုက်ခဲ့ဖို့မှာထားခဲ့တဲ့ အိမ်ရှေ့စံရဲ့ တပည့် မြင်းတော်ခံငပြည့်ဟာ ချက်ချင်းလိုက်လာခဲ့ပေမယ့် ဗန်းမော်မြို့အနီးက ငါးပတ်ချောင်းကို ရောက်တဲ့အချိန် ပင်ပန်းလွန်းလို့စခန်းချပြီး အိပ်စက်ခဲ့မိပါတယ်။ငပတ်ချောင်းရဲ့ တဖက်ကမ်းမှာ သူ့ရဲ့သခင်စစ်တပ်ကြီး စခန်းချနေခဲ့တာကို မသိခဲ့ရှာဘူးပေါ့။
ဒါဟာ ကြမ္မာငင်တယ်လို့ ပြောရမယ်ထင်ပါရဲ့။ငပြည့်စီးတဲ့မြင်းဟာ အိမ်ရှေ့စံနရပတိစည်သူရဲ့ မြင်းဖြစ်တာမို့ ချောင်းတစ်ဖက်ကမ်းက သူ့သခင်ရဲ့အနံ့ရတဲ့ မြင်းတော်ကတစ်ညလုံး ဟီနေတော့တာပေါ့။အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့မြင်းဟီသံကြောင့် အကြောင်းထူးပြီဆိုတာသိပြီး တစ်ညလုံး အိပ်လို့မပျော်နိုင်ခဲ့ပါဘူး။ဘယ်အချိန်ရောက်လာနိုး မျှော်ကိုးခဲ့ပေမယ့်မြင်းတော်ခံ ငပြည့်ကတော့ မနက်မိုးလင်းမှ ရောက်လာခဲ့ပြီး မိဖုရားကို ဘုရင်သိမ်းပိုက်သွားပြီ ဖြစ်ကြောင်း လျှောက်တင်ပါတော့တယ်။နရပတိစည်သူရဲ့ဒေါသဟာ ငယ်ထိပ်အထိ တတ်သွားခဲ့ပါတယ်။
“ငါတို့မင်းဟူသည်..တစ်ညတာအချိန်ဆိုတာ အကြံအားလုံး ပြီးမြောက်နိုင်ကြောင်း ဒီလောက်အရေးကြီးတဲ့ကိစ္စကို ချက်ချင်းလာရောက်ပြီး မလျှောက်တင်ရကောင်းလား“လို့ အမျက်တော်ရှပြီး မြင်းတော်ခံငပြည့်ကို ကွပ်မျက်လိုက်ပါတယ်။နောက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းခဲ့ပါတယ်။ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ဒီဘုရားစေတီကို ရောက်လာတဲ့အခါ ခဏနားလို့ ဘုရားစောင်းတန်းအတိုင်းတတ်လာပြီး ဆုတောင်းပြည့်ဘုရားဆင်းတုတော်မြတ်ကို ဖူးမျှော်ကြည်ညိုပါတယ်။
ပါလာတဲ့ပုဝါဖြူကို ကပ်လှူပူဇော်ပြီး သစ္စာအဓိဋ္ဌာန် ပြုပါတော့တယ်။”တပည့်တော်သည် သစ္စာမတည် သည့် နောင်တော်ဘုရင်မင်းမြတ်ကို အပြီးတိုင်လုပ်ကြံ၍ အောင်မြင်ခဲ့မည်ဆိုပါလျှင် ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်ကျ၍ ခံယူတော်မူပါစေသတည်း…’အိမ်ရှေ့စံရဲ့ ပုဝါဖြူစဟာ လေမှာဝဲပျံပြီး ဘုရားရှင်ထံ လွင့်မျောသွားခဲ့ပြီး ထူးခြားစွာ ဘုရား ရှင်ရဲ့ လက်တော်ပေါ်ကိုရောက်ရှိ ခံယူတော်မူခဲ့ပါတယ်။နရပတိစည်သူဟာ သစ္စာဓိဌာန်ပြုခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ဝမ်းသာအားရစွာနဲ့ ချီတတ်လာခဲ့ပါတယ်။သူ့ရဲ့ ငယ်ကျွန်တစ်ဦးဖြစ်တဲ့ အောင်စွာငယ်ကို တိတ်တဆိတ်လွှတ်လို့ လုပ်ကြံစေရာမှာ အောင်မြင်ခဲ့ပြီး ဘုရင်မင်းယဉ်နရသိင်္ခ ကျဆုံးလို့ နရ ပတိစည်သူ မင်းဖြစ်လာခဲ့ပါတယ်။သစ္စာအဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်လွန်းတဲ့ ဆုတောင်းပြည့်မြတ်စွာဘုရား ဆင်းတုတော်ကြောင့် ဘုရင်နရပတိစည်သူဟာ ရတက်မအေးနိုင်ခဲ့ပါဘူးတဲ့။
ဘာကြောင့်လည်းဆိုရင် နန်းတွင်းက မင်းညီမင်းသားတွေဟာလည်း သူလိုဆုတောင်းပြီး နန်းလုမှာကိုပူပန်သောကဖြစ်ခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ဒါကြောင့် အမတ်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါမှာ အရင်ဘိုးဘေးတွေဖြစ်တဲ့ အနော်ရထာမင်းကြီး လက်ထက်မှာလည်း အခုလိုဆုတောင်းပြည့်လွန်းတာကြောင့်မင်းညီမင်းသားတွေ ဖူးမျှော်ခွင့်ပိတ်ပြီး အစောင့်ချ ထားဖူးပါကြောင်း ပုဂံမင်းလက်ထက်မှာလည်း ပြုပြင်မွမ်းမံခဲ့ပြီး မြန်မာ မင်းအဆက်ဆက်တို့လက်ထက်မှာလည်း မင်းညီမင်းသားအားလုံး ဆုမတောင်းရ၊မဖူးမျှော်ရလို့ တင်းကြပ်စွာ တားမြစ်ထားခဲ့ရတဲ့အထိ ဆု တာင်းပြည့်လွန်းလှတဲ့ ဆုတောင်းပြည့်ဘုရားအစစ်တစ်ဆူဖြစ်ကြောင်း လျှောက်တင်ကြပါတယ်။ဒါကြောင့် နရပတိစည်သူလက်ထက်မှာလည်း ဒီဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီးကို မင်းညီမင်းသားများ ဖူးမျှော်ရဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လို့ စောင့်ရှောက်ခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ်။C r d
Be the first to comment