သားသမီးတွေရဲ့ အဆူဆဲခံရပြီးမှ စားရတဲ့ထမင်းကို မျိုမကျလို့ တွန်းလှည်းလေးနဲ့ ဈေးလိုက်ရောင်းနေတဲ့ အမေအိုကြီး
မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေ ဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူ ထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန်မှာတော့ မကြည်ဖြူကြပေ။သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်(၈၂)နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီးတွေရှိသော်လည်း လမ်းပေါ်ထွက်ပြီး တွန်းလှည်းတစ်စီးနဲ့အတူ ဈေးရောင်းစားနေရသေးသောအဖြစ်သည် လူအများအား ရင်ထဲထိမိစေခဲ့သည်။
အမေအိုကြီးသည် သားသမီးတွေကို အရွယ်ရောက်သည်ထိ အိမ်မှာဈေးဆိုင်သေးလေးဖွင့်ကာ ရှာကျွေးခဲ့သော်လည်း သားသမီးတွေက အိမ်ထောင်ကိုယ်စီကျပြီး အမေအိုကြီးအား ဝန်ထုပ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားကြကာ ကျွေးမွေးစောင့်ရှောက်ရန် ငြိုငြင်ခဲ့ကြသည်။အမေအိုကြီးခမျာ အသက်ကြီးလာ၍ အလုပ်တွေ မလုပ်ကူနိုင်တာကြောင့် ထမင်းစားချိန်တိုင်း သားသမီးတွေရဲ့ အဆူအဆဲခံနေရကာ ဒုက္ခမပေးလိုတော့၍ တွန်းလှည်းနဲ့အတူ ဈေးထွက်ရောင်းရင်း ဝင်ငွေရှာခဲ့သည်။
Be the first to comment