“ကျောက်သင်ပုန်းရွက်(ခေါ်) နတ်သမီးကွမ်းရွက်ရဲ့အစွမ်း အံ့မခမ်း”

“ကျောက်သင်ပုန်းရွက်ရဲ့အစွမ်း အံ့မခမ်း”

ဒါကတော့(Peperomia pellucida)ကျောက်သင်ပုန်း ရွက်(သို့) နတ်သမီးကွမ်းရွက်လို့ ခေါ်ပါတယ်။ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။အလေ့ကျပေါက်သည့် အပင်မျိုးဖြစ်ပါတယ်။ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ဗီတာမင်စီဓါတ်များပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta- carotene ပါဝင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊အဆစ်မြစ်ရောင်(ဂေါက်ရောဂါ)အတွက် ဒီအပင်ကိုသုပ်စားခြင်း၊ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။

ဆေးအဖြစ် အသုံပြုပုံများ-
(၁)ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီးထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။

(၂)ထိခိုက်ရှနာ၊ဒဏ်ရာအမျိုးမျိုး၊အနာစိမ်း၊ပြည်တည်၊ဝက်ခြံနာ၊အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကိုကျိတ်၍ အနာပေါ်အုံပေး၊လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊အဆစ်မြစ်ရောင် (ဂေါက်ရောဂါ)အတွက် ဒီအပင်ကို သုပ်စားခြင်း၊ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။

(၃)ရေယုံရောဂါအတွက် အပင်၊အရွက်၊အပွင့်စတဲ့ တ ပင်လုံးကို နနွင်း၊ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရော ထောင်း၍ ရေယုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၄)ဝက်ခြံ၊တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကို ပြုတ်၍ ၎င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၅)ဒူလာရောဂါ၊အဆစ်မြစ်ရောင် ဂေါက်ရောဂါများ အတွက် ၎င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ပြုတ်စားခြင်း၊တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

(၆)မျက်စိနာ၊မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက် ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့(၂)ကြိမ်ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။

(၇)ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၎င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ကြွက်နို့များ အံ့သြစွာပျောက်ကင်းသွားပါလိမ့်မည်။ကျမ်းမာပျော်ရွှင်တဲ့ လူမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ..ကိုးကား,မြန်မာဆေးမှီတိုများစာပေ

Be the first to comment

Leave a comment

Your email address will not be published.


*