နာရေးကျင်းပခါနီးမှ အခေါင်းထဲကနေ ရုတ်တရက်နိုးလာပြီး ရေတောင်းသောက်ခဲ့တဲ့ အသက်(၂)နှစ်အရွယ်ကလေးငယ်လေး

နာရေးကျင်းပခါနီးမှ အခေါင်းထဲကနေ ရုတ်တရက်နိုးလာပြီး ရေတောင်းသောက်ခဲ့တဲ့ အသက်(၂)နှစ်အရွယ်ကလေးငယ်လေး

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ Aberlardo Santos ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့တဲ့ အသက်၂နှစ်အရွယ် Kelvin Santos အမည်ရှိတဲ့ ကောင်လေးတစ်ဦးဟာ အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုရပ်သွားပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ထို့နောက် နာရေးကူညီမှုအသင်းကလည်း Kelvin ရဲ့ရုပ်အလောင်းကို လေလုံတဲ့အိတ်ဖြင့် ထုပ်ပိုးပြီး ဝမ်းနည်းပူဆွေးနေတဲ့ သူ့မိသားစုရဲ့နေအိမ်သို့ သယ်ဆောင်သွားပေးခဲ့ပါတယ်။သေဆုံးရခြင်းအကြောင်းရင်းမှာ အဆုတ်များ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့်နှင့် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါတယ်။

ထို့နောက် သူ့မိသားစုကလည်း Kelvin ရဲ့ရုပ်အလောင်းကို အခေါင်းထဲသို့ ပြောင်းထည့်ထားခဲ့ကြပါတယ်။ သို့ပေမဲ့ နောက်တစ်နေ့ သူ့ရဲ့ဈာပနကျင်းပခါနီး တစ်နာရီအလိုမှာ Kelvin ရဲ့အဒေါ်က Kelvin ရဲ့ခန္ဓာကိုယ်လှုပ်ရှားနေတာကို ရုတ်တရက် သတိပြုမိသွားခဲ့ပါတယ်။”Kelvin ကသူ့အခေါင်းထဲမှ ရုတ်တရက် ထလာပြီး ဖေဖေ၊ ရေနည်းနည်းလောက် ရနိုင်မလား” လို့ပြောလာတဲ့အချိန်မှာ ကျွန်တော်က သူ့ကိုလှမ်းဆွဲပြီး “သား၊ ဖေဖေ့ဆီ ပြန်လာပါ” လို့ပြောခဲ့တယ် ကျွန်တော့်သားက နာရီအနည်းငယ်ကြာ သူ့ခေါင်းတလားထဲမှာ ထထိုင်လာတော့ လူတိုင်းကလည်း အော်ဟစ်နေကြပြီး

သူတို့ရဲ့မျက်လုံးတွေကို မယုံနိုင်ဖြစ်ခဲ့ကြတယ် အဲ့တော့ ကျွန်တော်တို့ကလည်း သားလေး အသက်ပြန်ရှင်လာတယ်လို့ထင်ခဲ့ကြပေမဲ့ Kelvin ကသူ့အရင်ပုံစံအတိုင်း ပြန်အိပ်သွားခဲ့တယ်။အဲ့နောက် ကျွန်တော်တို့ သူ့ကို နှိုးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊အခုတော့ သူက တကယ်ပျောက်ကွယ်သွားပြီ” လို့Antonio Santos အမည်ရှိဖခင်ဖြစ်သူက သူ့မျက်စိရှေ့မှာတင် မယုံနိုင်စရာတွေဖြစ်ခဲ့ရတာကို ပြောပြခဲ့ပါတယ်။

ထို့နောက် မိသားစုက Kelvin ကိုပြန်လည်စစ်ဆေးဖို့ ဆေးရုံကို အမြန်ပြန်ခေါ်ခဲ့ပေမယ့် ဆရာဝန်များက Kelvin ကတကယ်အသက်မရှိတော့ဘူးလို့ ဆိုခဲ့ကြပါ တယ်။ထိုကဲ့သို့ ထူးဆန်းတဲ့ အဖြစ်အပျက်ကြောင့် မိသားစုဝင်များက Kelvin ရဲ့ဈာပနအခမ်းအနားအား အချိန်ဆွဲထားခဲ့ရပေမဲ့လည်း ဝမ်းနည်းစွာပင် ၎င်းတို့ရဲ့စောင့်ဆိုင်းမှုက မအောင်မြင်ခဲ့သလို ထိုညမှာဘဲ ကလေးကို ဒေသခံသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*