လင်မယားချင်း စကားများကြရာ ဇနီးဖြစ်သူမှ အဆိပ်သောက်…
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊သဲဖြူအုက်စု၊စခမ်းကြီးကျေးရွာတွင် ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းက လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ အဆိပ်သောက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဲဒီမနက်(၈)နာရီလောက်က သေဆုံးသူ မဖြူဖွေးကြည်ရဲ့ ခင်ပွန်း မောင်ဝိုင်းချစ်က မင်္ဂလာဆောင်သွားဘို့ သူဇနီးထံ ငွေတောင်းတာနဲ့ ပတ်သက်ပြီး လင်မယားချင်း စကားများကြတယ်၊သူ့ယောက်ျား မင်္ဂလာဆောင်သွားချိန် မဖြူဖွေးကြည်က စိုက်ခင်းတွင် အသုံးပြုသည့် “ဒီ-မင်း” ပေါင်းသတ်ဆေးရည် သောက်လိုက်တာ ခဏကြာတော့ မဖြူဖွေးကြည် ပါးစပ်က အမြှုပ်တွေထွက်လာပြီး သတိလစ်သွားလို့ အိမ်နီးချင်းတွေက သူ့ အဖေထံအကြောင်းကြားပြီး
ထူးကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် နံနက်(၁၁)နာရီခွဲအချိန်က သေဆုံးသွားခဲ့ကြောင်း စခမ်းကြီးရွာနေသူတစ်ဦးက Top Phoenix မီဒီယာကို ပြောသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ မဖြူဖွေးကြည် သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိနိုင်ရန် ရွှေကျင်နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၂၃ ဖြင့်စစ်ဆေးနေကြောင်း သိရှိရပါသည်။
Be the first to comment