(၁)လုံးကို ငွေကျပ်တစ်သိန်းနီးပါးရှိတဲ့ ကမ္ဘာဈေးအကြီးဆုံး သရက်သီး
အသီးမှာ သရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့က စွဲမက်ဖွယ်ကောင်းပါသည်။ကမ္ဘာ့သရက်သီးစျေးကွက်တွင်စျေးအကြီးဆုံး သရက်သီးမျိုးမှာ ဂျပန်နိုင်ငံထွက် ‘မီယာဇာကီ’သရက်သီးဖြစ်ပြီး သတ်မှတ်အလေးချိန်ရှိအသီးတလုံးလျင် $50-$70(မြန်မာငွေ တသိန်းနီးပါး) တန်ဖိုးရှိပါသည်။အသီးအလေးချိန်သည် 350gm အထက်ရှိရပါမည်။
Miyazaki သရက်သီးသည် သာမန်သရက်သီးထက် ၁၅%မျှပိုချိုပါသည်။Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း၊ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့စျေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ် ရပ်တည်နေပါတယ်။စိုက်ပျိုးသောနေရာသည် နေ့အလင်းရောင်ရရှိမှု မြင့်မားပြီး မိုးရေချိန်များသောကြောင့် သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။
အသီးရင့်မှည့်ပါ သူ့အလိုလိုကြွေကျသော အသီးကအချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကို ဇကာပိိုက်အိပ်စွပ်ပေးပြီး အလိုအလျောက် ကြွေကျမှသာ အသီးကိုယူကြပါတယ်။ရင့်မှည့်ပါက အနီရင့်ရောင်ရှိသည်။
ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။အသီးကို အရောင်ညီမျှစေရန်အတွက် အသီး၏အောက်ခြေတွင် အရောင်ပြန်စေသော ခွက်ကလေးတွေထားပေးပြီး အသီးအရောင်ကိို ညီညာလှပသော အသီးကိုရရှိစေပါသည်။
Be the first to comment