အဆီနဲ့ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေတွက် ခါးသေးရင်ချီစလင်းဘော်ဒီဖြစ်စေဖို့တွက် နည်းလမ်းကောင်း
အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ ခါးသေးရင်ချီ စလင်းဘော်ဒီဖြစ်ပြီး လူ တကာတွေ ပြန်လှည့်ငေးရလောက်အောင် ဖြစ်ချင်ရင်တော့ လွယ်ပါတယ်။ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက်(အရင့်) ၁၁ရွက် (တချို့က ၉ရွက်)ကိုထည့်၊ကွမ်းရွက် ၃ရွက်၊ သကြား စားပွဲတင်ဇွန်း ၃ဇွန်းနဲ့ ဆား ၁ဇွန်းလျော့လျော့၊ရေကျက်အေး(ရေသန့်လည်းရ)ထည့်ပါ။ပုလင်းကို လုံအောင်ပိတ်ပြီး အခန်းအပူချိန်ထဲမှာပဲ (၁၁)ရက်လောက်ထားပေးပါ။
ရက်ပြည့်သွားရင် ပုလင်းထဲက အရွက်တွေကို ပြန်ဖယ်ထုတ်ထားပြီး အရည်ကိုပဲ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (ပုလင်းကိုလှုပ်ပြီး) လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ခွက်စာ နေ့စဉ်မှန်မှန် အစာမစားခင် သောက်သွားပေးရင်ရပါပြီ။
အရွက်တွေ မဖယ်ထားလဲ ဘာမှမဖြစ်ပါ ရာသီဥတု အရမ်းပူနေရင် အရမ်းချဉ်စူးသွားမှာစိုးလို့ ကိုယ်သောက်နိုင်ရင်တော့ ရပါတယ်။ရေခဲသေတ္တာထဲ ထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ်။
တစ်လ၊နှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊အများငေးတဲ့ အလှပဂေး ဘော်ဒီလေး ရသွားပါလိမ့်မယ်။ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ်တာတွေလည်း မဖြစ်တော့ပါဘူး။
Be the first to comment