လူကိုလူလို့ မျက်စိထဲမမြင်ဘဲ ရက်စက်လွန်းလှတဲ့ အလုပ်ရှင်နဲ့ မန်နေဂျာကြောင့်…

လူကိုလူလို့ မျက်စိထဲမမြင်ဘဲ ရက်စက်လွန်းလှတဲ့ အလုပ်ရှင်နဲ့ မန်နေဂျာကြောင့်…

ဒီနေ့ ရင်နာစရာအဖြစ်လေးတခု တွေ့ကြုံခဲ့ရပါတယ်။ အိမ်နားက CHAMPION သောက်ရေသန့် အလုပ်သမားကို အလုပ်လုပ်ဖို့ခေါ်လာပြီး သုံးလေးရက်ဘဲရှိအုံးမယ် ကောင်လေးတွေ နှစ်ယောက်ခေါ်လာပြီး ဒီမနက်ကျတော့ တယောက်က မနေ့ညက အသဲကွဲလို့ဆိုပြီး အရက်သောက်ထားလို့ ဒီမနက် ခြောက်နာရီအချိန်မှာ အလုပ်ဆင်းဖို့ခေါ်တော့ သူ့ခမျာ အလုပ်မဆင်းနိုင်ဘူး။အဲဒီတော့ အတူနေတဲ့ မန်နေဂျာကနေပြီး မူးနေတဲ့လူ အသိစိတ်တောင်မရှိတဲ့သူကို မနက်ခြောက်နာရီခွဲမှာ ကျန်အလုပ်သမားလေးယောက်နဲ့မပြီး မူးနေတဲ့ ခလေးကို လမ်းဘေးမှာ လာချထားတယ်။

ကျမတို့ဆိုင်ကို လာစားတဲ့လူတွေက ဝိုင်းပြောကြတယ်။အဲလိုမောင်းထုတ်ပြီး အေးကအေးနဲ့ အအေးပတ်ပြီး သေမယ်နော်လို့ မြင်တဲ့လူမှန်သမျှ ပြောကြပေမဲ့ ပါလာတဲ့သူငယ်ချင်းက ကျွန်တော်လဲ ဘယ်လိုလုပ်ရမှန်းမသိဘူးတဲ့။မန်နေဂျာက အဆောင်ကို ပေးမနေဘူးဆိုပြီး သူ့မှာကူရာမဲ့နေတယ်။ကျမတို့လဲ ဝိုင်းပြောတယ်။ပိုင်ရှင်လဲ ဂရုမစိုက်သလို သူ့မန်နေဂျာလဲ အရေးမလုပ်ဘူး။

ခြောက်နာရီခွဲကနေ ဆယ့်တစ်နာရီ အချိန်မှာ ပတ်ဝန်းကျင်က ဝိုင်းပြောမှ မန်နေဂျာကလာပြီး သူ မ,မနိုင်ဘူးတဲ့။အဖော်ကောင်လေးလဲ အားကိုးရာမရှိတော့ သူ့သူငယ်ချင်းရဲ့ မိဘကို ဖုန်းဆက်အကြောင်းကြားတယ်။အဝေးကနေတော့ ဘယ်လိုကူညီမလဲ အဲလိုနဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ကနေ နောက်တရွာထပ် ဆက်ရအုံးမယ်တဲ့ အဝေးကနေလာပြီး အလုပ်လုပ်တာအလုပ်ရှင်က တာဝန်မဲ့စွာနဲ့ အဲလိုရက်စက်စွာ မောင်းထုတ်ခံရသူရဲ့ ရင်နာစရာအဖြစ်ကိုတွေ့ရတာ ကိုယ်နဲ့သွေးမတော်သားမစပ်ဘဲနဲ့ တွေ့မြင်ရတာကို ရင်နာလို့မဆုံးပါဘူး။

သေပြီးတဲ့အချိန်မှ သူ့တို့ ချန်ပီယံကားနဲ့ လာသယ်ပြီး ဆေးရုံကိုပို့လိုက်တော့ ဆေးရုံမရောက်ခင်ကတည်းက အသက်ထွက်သွားပြီတဲ့ အရက်ကမများဘဲ အအေးပတ်တာလို့ ဆရာဝန်ကထွက်ဆိုပြီး အခုက နာရေးကိစ္စကို တာဝန်ယူပေးမယ်ဆိုပြီး ပါလာသူ သူငယ်ချင်းကို လမ်းစရိတ် ငါးသောင်းပေးပြီး ပြန်လွတ်လိုက်တယ် ဒီလိုလူကို တိရိစ္ဆာန်တစ်ကောင်လောက်တောင် တန်ဖိုးမထားတဲ့ ချန်ပီယံသောက်ရေသန့်ရဲ့ လုပ်ရပ်ကိုရှုပ်ချပါသည်။

Be the first to comment

Leave a comment

Your email address will not be published.


*