အဖေကအိမ်ကို အမူးသမားတွေခေါ်လာပြီး အဲ့အမူးသမားက ခြင်ထောင်လာလှန်တုန်းကရော အန်တီတို့သိရဲ့လား”လို့မေးလိုက်တဲ့ မြတ်သူသူ

အဖေကအိမ်ကို အမူးသမားတွေခေါ်လာပြီး အဲ့အမူးသမားက ခြင်ထောင်လာလှန်တုန်းကရော အန်တီတို့သိရဲ့လား”လို့မေးလိုက်တဲ့ မြတ်သူသူ

သရုပ်ဆောင် မြတ်သူသူကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။မြတ်သူသူဟာ တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှုကိုရရှိခဲ့သလို အလုပ်တွေလည်းအများကြီးလုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။အောင်မြင်လာတာနဲ့အမျှ အားလုံးရဲ့အာရုံစိုက်ခံနေရတဲ့ မြတ်သူသူက လူတွေအထင်လွဲအောင် အမျိုးမျိုးပြောဆို အပုပ်ချနေတဲ့ အဖေနဲ့အမျိုးတွေအကြောင်းကို ရင်ဖွင့်လာပါတယ်။

မြတ်သူသူက သူမရဲ့ပိုစ့်အောက်မှာ”သုံးမကုန် ဖြုန်းမကုန်ဖြစ်နေတာ အဖေနဲ့အဖွား တောမှာ တစ်လတစ်သိန်းထောက်ပံ့ရင် သူတို့ဝမ်းသာမှာပါ”ဆိုပြီးတော့လာရေးတဲ့ ကောမန့်အပေါ် “အဖေဆိုတာ လက်ထဲပိုက်ဆံရလာရင် အိမ်မှာတောင် ထမင်းမစားတော့ဘူး မွေးထားတဲ့ကျေးဇူးတခုထဲနဲ့ ပတ်သက်နေတာ ကျန်တာ သံယောဇဉ်ပြတ်ပြီးသား..အဖေနဲ့ အမေကွဲနေတာ ကိုယ်၁၀တန်းမတိုင်ခင် အသက်(14/15)ထဲကပဲ။ မှတ်မှတ်ရရ (၁၀)တန်းစာမေးပွဲကို တခြားမြို့နယ်မှာ သွားဖြေရမယ့် ပထမဆုံးနေ့ကို လမ်းထိပ်မှာထားခဲ့ပြီး လမ်းစရိတ်ပိုက်ဆံယူသွားပြီး အရက်သောက်ပစ်တာနော်။

ငိုယိုပြီး အိမ်ပြန်လာရတယ် ပြီးမှအသည်းအသန် အမေက လိုက်ပို့ရတာ ဘယ်တော့မှမမေ့ဘူး။ဘွဲ့ယူတော့ မိစုံဖစုံရှိချင်လို့ ကိုယ်တွေသားအမိပဲ အကုန်စီစဉ်ပြီးခေါ်ခဲ့ရတာ ပြောမထွက်တဲ့ တခြားကိစ္စတွေအများကြီး သူတို့ဘက်က တူဖြစ်သူဖုန်းဆက်ပြီး ကိုယ့်ကိုဆဲခဲ့တာတွေလည်း မမေ့ဘူးနော် အခုအသက်(33)ရှိပြီ ဖြစ်ခဲ့သမျှကြုံခဲ့သမျှ ရင်ထဲအကုန်ရှိတယ်။အခုထိလည်း ကိုယ်နဲ့သာစကားမပြောတာ ကိုယ်လက်ထပ်မယ့်အမျိုးသားနဲ့ဆက်သွယ်ပြီး လိုအပ်ရင်ထောက်ပံ့နေတုန်းပဲ တနေ့ကထိ ဖုန်းဆက်နေကြတုန်းပဲ။အခုအဖေ့ညီမဝမ်းကွဲ အဒေါ်ဖြစ်သူကိုယ်တိုင်က ကိုယ့်Page အောက်မှာ လာရေးတာတင်အားမရ မီဒီယာတွေ အောက် အခုလိုလိုက်ရေးနေတော့ အမှန်တိုင်း အားလုံးသိရတာပေါ့။

ဒါတောင်ကိုကိုက ရွာကို သူကိုယ်တိုင်ကားမောင်းပြီး အဖေနဲ့ ကိုယ်တွေသားအမိကို ပေးတွေ့ပေးခဲ့သေးတာ နော်။စိတ်ထဲအဆင်မပြေတော့တဲ့အခါ Live အရှည်ကြီး ထလွှင့်ဦးမှာ ဆိုးလာရင်ပေါ့”ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။မြတ်သူသူကတော့ သူမတို့သားမိတွေအပေါ် မကျွေးမွေးမပြုစုတဲ့အပြင် မိသားစုကို အမျိုးမျိုးဒုက္ခပေးကြတဲ့အဖေနဲ့ အောင်မြင်မှလာပြီး သပုတ်လေလွှင့်ပြောကြတဲ့ အမျိုးတွေအကြောင်းကို မချွင်းမချန်ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*