“သီချင်းပေါင်းများစွာကို Localထဲက ဂုတ်သွေးဆုပ်ဆရာကြီးတွေလဲ ကျေနပ်ကြပါတော့”ဆိုပြီး အကိုဖြစ်သူRဇာနည်အကြောင်းပြောပြလာတဲ့ သီဟမျိုးညွန့်
အဆိုတော် Rဇာနည်ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။Rဇာနည်ဟာ MRTV-4ကနေ စီစဉ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်းတို့နဲအတူ ပါဝင်အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
သူကတော့ ဖေဖော်ဝါရီလကတည်းက နွေဦးတော်လှန်ရေးအစကနေ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အာဇာနည်က လက်ရှိမှာအသက် ၄၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ ဇာနည်မျိုးညွန့်ဖြစ်ပါတယ်။မွေးချင်း ညီအစ်ကိုနှစ်ယောက်ရှိပြီး သူ့ရဲ့ညီဖြစ်သူ သီဟမျိူးညွန့်ကလည်း အဆိုတော်ဖြစ်ပါတယ်။
Rဇာနည်က သူ့ရဲ့ YouTube Channel ကိုပထမဦးဆုံး ဖွင့်လှသ်ခဲ့တာနဲ့ ပတ်သတ်ပြီး ညီဖြစ်သူ သီဟမျိုးညွန့်က “ငါ့အကိုလဲအခုမှသူ့ရဲ့ YouTube Account အမှန်ဖွင့်ရတာ ခေတ်အဆက်ဆက် နှစ်၂၀နီးပါး သူများဝိုင်းသမ နို့သက်ခံဆို့ခဲ့တာကို အေးဆေးလေးနေခဲ့တာ အခုမှသူ့ acc ရယ်လို့ဖွင့်လာခဲ့တာပဲ
သူ့သီချင်းပေါင်းရာကျော်ကို ဒီ acc ထဲပြန့်ထည့်ရမယ်ဟေ့… Local ထဲကဂုတ်သွေးဆုပ်ဆရာကြီးတွေလဲ ကျေနပ်ကြပါတော့ဗျာ ရှင်းပြရရင် အရှည်ကြီးပဲ…ငါ့အကို အများမျက်နှာ တအားကြည့် အားနာခဲ့တာတွေပေါ့🙏❣️🥰🤟”ဆိုပြီး ပြောပြလာခဲ့ပါတယ်။
Be the first to comment