နေပြည်တော်က ကိုယ်ပိုင်ကျောင်းမှာ ကျောင်းသူတ ဦး ခုန်ချအဆုံးစီရင်မှုဖြစ်ပွားခဲ့ရာSee more…
နေပြည်တော် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူတဦး ကျောင်းခေါင်မိုးပေါ်က ခုန်ချအဆုံးစီရင်ခဲ့ရာမှာ ကွန်ပျူတာဆရာလေးကပါ…
နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊မင်္ဂလာဒီပရပ်ကွက်ရှိ ‘ခေတ်ရှေ့ဆောင်’ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မနေ့က ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေပိုင်းက ကိုယ်ပိုင်ကျောင်း ခေါင်မိုးပေါ်ကနေ ကျောင်းသူတဦး ခုန်ချသေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသူ ခုန်ချသေဆုံးချိန် နောက်ကနေ လိုက်လံဆွဲ ခေါ်တဲ့ ဆရာတဦးပါ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ယမန်နေ့ (1-2-2023)ရက်နေ့ ညနေ ကျောင်းဆင်းချိန်၌ လေးလွှာမှ Grade 10 ကျောင်းသူတစ်ဦး မိမိကိုကိုယ် အဆုံးစီရင်ရန် လုပ်ဆောင်ရာ ဆရာများမှ ဖြောင့်ဖြသော်လည်း အဆုံးစီရင်သဖြင့် ကွန်ပျူတာဆရာမှ လိုက်ဆွဲရာ နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ခုန်ချသေဆုံးသူဟာ အဲ့ဒီကိုယ်ပိုင်ကျောင်းမှာ Grade-10တက်နေတဲ့ အသက်(၁၆)နှစ်အရွယ် ကျောင်းသူဖြစ်ပြီး လိုက်လံဆွဲခေါ်သူကတော့ ကွန်ပျူတာသင်ကြားတဲ့ အသက်(၂၃)နှစ်အရွယ် ဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။ကျောင်းသူဟာ ဆေးကုသနေစဉ် သေဆုံးခဲ့ပြီး ကျောင်းဆရာဖြစ်သူကလည်း ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Be the first to comment