အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ဘဲဖြည့်ဆည်းပေးရတဲ့ အစွမ်းထက် ဂါထာတော်

အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ဘဲဖြည့်ဆည်းပေးရတဲ့ အစွမ်းထက် ဂါထာတော်

သမ္ဗုဒ္ဓေဂါထာလေးအကြောင်း မသိသူတွေအတွက် ဗဟုသုတအဖြစ်ပြောချင်ပါတယ်။သမ္ဗုဒ္ဓေဂါထာတော် က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ် တောင် နေမရတော့ပါဘူး။ပြိတ္တာကတော့ ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်။ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့် သမ္ဗုဒ္ဓေစရွတ်တာနဲ့ လစ်ပြေးတာပါပဲ ပြေးတဲ့နောက်က လိုက်ရွတ်၊သူကိုယ်ရောင်ဖြောက် မပြေးနိုင်ပါဘူး။

သမ္ဗုဒ္ဓေ ဂါထာတော်ကို တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေထက်တောင် ဘုန်းကြီးလာနိုင်ပြီး စိတ်ကတောင်းတရင် သူတို့တွေ ကောင်းကောင်းနေမရပါဘူး။လိုက်ဖြေစည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော်ဟာ နေမင်းကြီးနဲ့တူပါတယ် သဲစုမက ဘုရားရှင်မြတ်တွေကို ရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ်ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။

သမ္ဗုဒ္ဓေ ဂါထာတော်-သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ နမာမိ သိရသာမဟံ။ အပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ၊ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော။

သမ္ဗုဒ္ဓေ ဂါထာတော်(မြန်မာပြန်) အဋ္ဌဝီသံ – နှစ်ကျိပ်ရှစ်ဆူကုန်သော၊ ဒွါဒသဉ္စ သဟဿကေ – တသောင်းနှစ်ထောင်ကုန်သော၊ ပဉ္စသတ္ထ သဟဿာနိ – ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓ -မြတ်စွာဘုရားသခင်တို့အားလည်းကောင်း၊ အဟံ – အကျွန်ုပ်သည်၊ သိရသာ – ဦးခေါင်းဖြင့်၊ နမာမိ – ရှိခိုးကန်တော့ပါ၏။ သောမြတ်စွာဘုရားသခင်တို့နှင့် ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားသခင် တို့၏

ဝါဠုကာ ဂင်္ဂါ – ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည်၊ အပကာ – နည်းလှသေးသည်။ နိဗ္ဗုတာ – နိဗ္ဗာန်ဝင်စံပြီးကုန်သော၊ ဇိနာ မြတ်စွာဘုရားသခင်တို့သည်ကားမူ၊အနန္တာ – မရေတွက်နိုင် များလှကုန်၏။ တေသံ-ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော ဓမ္မဉ္စ – တရားတော်တို့ကိုလည်းကောင်း၊ သံဃဉ္စ – သံဃာတော်တို့ကိုလည်းကောင်း၊ အဟံ – အကျွန်ုပ်သည်၊ အာဒရေန – ရိုသေစွာဖြင့်၊ နမာမိ – ရှိခိုးကန်တော့ပါ၏။

နမက္ကာရာ နုဘာဝေန – ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာကြောင့် သဗ္ဗေ – အလုံးစုံသော ဥပဒ္ဒဝေ – ဘေးရန်ဟူသမျှတို့ကို၊ ဟိတွာ – ပယ်ဖျောက်၍၊ အနေက အန္တရာယာပိ- များစွာသော အန္တရာယ်တို့ကိုလည်း၊ အသေသတော – အကြွင်းကျန်မရှိသောအားဖြင့်၊ ဝိနဿန္တု- ပျောက်ပျက်ပါစေသတည်း။

Be the first to comment

Leave a comment

Your email address will not be published.


*