အလုပ်လျှောက်ပေးမယ်ဆိုပြီ ထိုင်းအမျိုးသားရဲ့ ယုတ်မာတာခံလိုက်ရတဲ့ မြန်မာအမျိုးသမီးငယ်လေး
ထိုင်းမှာ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းအမျိုးသားက အလုပ်လျှောက်ပေးမယ်လို့ ပြောဆိုခေါ်ဆောင်ပြီးနောက် ဓားဖြင့်ထောက်ကာ အဓမ္မပြုကျင့်ခံတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံသားတစ်ဦးက ဘန်ကောက်မြို့အနီး စမွတ်ပကန်တွင် အလုပ်လျှောက်ပေးမယ်လို့ပြောဆိုပြီး လာရောက်ခေါ်ဆောင်ကာ မြေကွက်အလွတ်တစ်နေရာအရောက်တွင် ဓားဖြင့်ထောက်ကာ အဓမ္မပြုကျင့်ပြီးနောက် အဝတ်အစားများချွတ်ခိုင်းပြီး ရေကန်ထဲဆင်းခိုင်းကာ ကားမောင်းထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ယင်းနောက် အဓမ္မပြုကျင့်ခံသည့် အသက်၂၂နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးလေးသည် သက်ဆိုင်ရာ စခလာရဲစခန်းတွင် တိုင်ကြားပြီးနော က် CCTV ကင်မရာမှတစ်ဆင့် ခြေရာခံရာမှ ဇန်နဝါရီ၂၇ရက်နေ့ ညပိုင်းက ပြစ်မှုကျူးလွန်သည့် အသက်၂၄နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားကို စမွတ်ပကန်ခရိုင်၊ဖစမွန်စေဒီမြို့နယ် ခေါင်စန်ရပ်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ပြစ်မှုကျူးလွန်သည့် ထိုင်းနိုင်ငံသားကို ပြန်လည်ဖမ်းဆီးရမိချိန်တွင် တိုယိုတာဗွီအောက် ကား၁စီနှင့် မြန်မာအမျိုးသမီးနှင့် အဆက်သွယ်လုပ်ထားသော Vivo ဖုန်း၁လုံးအပါဝင် ၆လက်မရှိ ဓား၁လက်နဲ့အတူ မြန်မာအမျိုးသမီး၏ ဟွာဝေးဖုန်းတလုံးပါ စစ်ဆေးတွေ့ ရှိရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Be the first to comment