ရွှေလက်စွပ်လေးအတွက်နဲ့ (၆၀)ကျော်အရွယ်အဖိုးကို ရက်ရက်စက်စက်သတ်ဖြတ်မှု မြန်အောင်မြို့တွင်ဖြစ်ပွား

ရွှေလက်စွပ်လေးအတွက်နဲ့ (၆၀)ကျော်အရွယ်အဖိုးကို ရက်ရက်စက်စက်သတ်ဖြတ်မှု မြန်အောင်မြို့တွင်ဖြစ်ပွား

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မုဆိုးအိုင်ကျေးရွာတွင် ဇန်နဝါရီ (၃၀)ရက်နေ့ ညပိုင်းက အသက်(၆၄) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး အသတ်ခံရပြီး ဝတ်ထားသည့် လက်စွပ်အား ယူဆောင်သွားခံခဲ့ရကြောင်း သိရသည်။မြန်အောင်မြို့နယ်၊ မုဆိုးအိုင်ကျေးရွာတွင် နေထိုင်သည့် ဦးဌေးမြင့် (၆၄)နှစ်မှာ ယမန်နေ့ ညပိုင်းက နေအိမ်၌တစ်ဦးတည်းရှိနေချိန် ယင်းကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးဌေးမြင့်မှာ ထိခိုက်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ အင်ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။အခင်းဖြစ်ရာနေ အိမ်အောက်ထပ်တွင် ဦးဌေးမြင့်သည် ထိခိုက်ဒဏ်ရာများနှင့်ပြတ်ရှဒဏ်ရာတို့ရရှိကာ သေဆုံးလျက်ရှိပြီး ၎င်းဝတ်ဆင်ထားသည့် ရွှေလက်စွပ် (၁)ကွင်းမှာလည်းပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရသည်။ ထို့ကြောင့် အင်ပင်နယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂/၃၉၄ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Be the first to comment

Leave a comment

Your email address will not be published.


*