ပျောက်နေတဲ့ (၅)နှစ်သမီးလေးကို ပြန်ရှာတွေ့ချိန်မှာတော့ ရေမြောင်းထဲတွင် မြက်ပင်များဖြင့် ဖုံးထားပြီးရက်ရက်စက်စက်…

ပျောက်နေတဲ့ (၅)နှစ်သမီးလေးကို ပြန်ရှာတွေ့ချိန်မှာတော့ ရေမြောင်းထဲတွင် မြက်ပင်များဖြင့် ဖုံးထားပြီးရက်ရက်စက်စက်…

ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရတဲ့ (၅)နှစ်အရွယ် သမီးငယ်လေးတစ်ဦး…နေ့စဉ်ဖြစ်ပျက်နေတဲ့ လူသတ်မှု၊အဓမ္မကျင့်မှုတွေထဲမှာ အများဆုံး သားကောင်တွေအဖြစ် ပါဝင်နေတာကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။အရွယ်မရောက်မီ ဘဝပျက်ခဲ့ရသူတွေနဲ့အတူ သေဆုံးခဲ့ရသူတွေကတော့ မရေမတွက်နိုင်အောင်များစွာရှိနေပြီး ပြည်တွင်းနေရာအနှံ့အပြားမှာလည်း နေ့စဉ်ကြုံတွေ့နေကြတာ တွေ့ရပါတယ်။အဆိုပါ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေရဲ့ အဓမ္မကျင့်၊သတ်ဖြတ်ခံခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

ဇန်နဝါရီလ ၃၀ရက်နေ့က ညနေပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် အသက်၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဝမ်းနည်းစရာ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရပါတယ်။ဇန်နဝါရီလ ၂၉ရက်နေ့က ပျောက်ဆုံးသွားသော အဆိုပါမိန်းကလေးကတော့ ဦးခေါင်းပေါက်ဒဏ်ရာနှင့်အတူ အမျိုးသမီးလိင်အင်္ဂါတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့တာဖြစ်ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စခန်းတာဝန်ခံ ဦးထင်လင်းအောင်က ပြောကြားခဲ့ပါတယ်။ ရုပ်အလောင်းကို ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမရှိ ၁၂လမ်းမှတ်တိုင်နှင့် ကျောင်းရှေ့မှတ်တိုင်အကြား ရေမြောင်းထဲတွင် မြက်ပင်များဖြင့် ဖုံးအုပ်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။

“မုဒိမ်းကျင့် အသတ်ခံထားတာ တွေ့ပါတယ်။ အလောင်းကို ကျောင်းသားတစ်ယောက် ကျောင်းပြန်ရင်း စတွေ့တာ။ကျောင်းသားလေးက ဘေးပတ်ဝန်းကျင်ကို ပြောလိုက်လို့ ဘေးပတ်ဝန်းကျင်က ကျွန်တော်တို့ကို ဖုန်းဆက်တာနဲ့ သွားရှာတာပါ”ဟု ဦးထင်လင်းအောင်က ပြောပြခဲ့ပါတယ်။လက်ရှိတွင် ယင်းအလောင်းကို မင်္ဂလာဒုံမြို့မရဲစခန်းက စစ်ဆေးနေပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု) ၃၇၆(မုဒိမ်းမှု) ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ၎င်းကပြောပြခဲ့ပါတယ်။ချစ်ပရိသတ်ကြီးတို့လည်း မိမိတို့ရင်သွေးလေးများနှင့် ပတ်ဝန်းကျင်ရှိ သားသားမီးမီးလေးတို့ကို လုံလုံခြုံခြုံထားရှိ ကူညီစောင့်ရှောက်နိုင်စေဖို့ သတိပေးမျှဝေပေးလိုက်ရပါတယ်။Credit: Htin Lin Aung

Be the first to comment

Leave a comment

Your email address will not be published.


*