အမေ့ကိုဓားထောက်လုယက်တော့ ဓားနဲ့ထိုးတယ်ထင်ပြီး ကာကွယ်ပေးခဲ့တဲ့သားလေးကိုမှ ရက်ရက်စက်စက် ဓားနဲ့ခုတ်ပြီး…
သူ့မိခင်ကို ဓားနဲ့ထောက် ပိုက်ဆံအိတ်လုတော့ သူ့အမေကို ဓါးနဲ့ထိုးတယ်ထင်ပြီး အသက်၁၅နှစ်သာ ရှိသေးတဲ့ ငါ့သားလေးက သူ့လက်ကလေးနဲ့ ရှိတဲ့ခွန်အားလေးနဲ့ကာကွယ်မိတာကို ရက်ရက်စက်စက် ဓားနဲ့အချက်ပေါင်းများစွာခုတ်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့နင်တို့တွေ ငါ့သားလေးကို ရက်ရက်စက်စက် သတ်ခဲ့သလိုမျိုး ပြန်အသတ်မခံရပါစေနဲ့ ငါတို့မိသားစုရဲ့ ပျော်ရွှင်စရာ မိသားစုကမ္ဘာလေး အသိုက်အမြုံလေးပြိုကျပျက်စီးခဲ့ရသလိုမျိုး နင်တို့မိသားစုဘဝတွေ ပြိုကျပျက်စီးခြင်းမျိုး မကြုံရပါစေနဲ့
သူ့မိခင်ရှေ့မှာ သူ့သားလေးကိုရက်ရက်စက်စက် သတ်ခဲ့သလိုမျိုး နင်တို့မွေးထားတဲ့ မွေးလာမဲ့ နင်တို့သားသမီးကို နင်တို့ရှေ့မှာတင် ရက်ရက်စက်စက်အသတ်ခံရတာမျိုး မကြုံရပါစေနဲ့ သူတပါးကြိုးစားရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းကို ခိုးဆိုးလုယက် ဓားပြတိုက်မှ သုံးရစားရတဲ့ နင်တို့ဘဝတွေ နင်တို့သားသမီးအရှေ့မှာ နင်တို့သမိုင်းကြောင်းတစ်လျှောက်မှာ လိပ်ပြာလုံစွာနေနိုင်ပါစေ သူတပါးမိသားစုတွေ သောကပရိဒေဝမီးတွေ လောင်မြိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျရသလို နင်တို့၊နင်တို့မိသားစုတွေ မလောင်မြိုက်ပါစေနဲ့ မျက်ရည်ပေါက်ကြီးငယ် မကျရပါစေနဲ့
ငါတို့မိသားစုရဲ့အညွန့်အဖူး သားကောင်းသားမြတ်အညွန့်တစ်လူလူတက်နေတဲ့ ငါတို့မိသားစုရဲ့အဖိုးအနဂ္ဂထိုက်တန်တဲ့ သားရတနာသားလိမ္မာ ငါ့ကလေးကို ရက်ရက်စက်စက်သတ်ခဲ့ရလို့ ပျော်ရွှင်ဝမ်းမြောက်ကြပါစေ…ငါသေမတတ် နာကျင်ခံစားရသလိုမျိုး ငါရူးမတတ် သွေးပျက်ခဲ့ရသလိုမျိုး နင်တို့မိသားစုတွေ တန်ပြန်မခံစားရပါစေနဲ့..တူသောအကျိုးမပေးပါစေနဲ့
သကြားသာသနာခေတ်မို့ ကံဝဋ်ကြွေးဟာ ချက်ချင်းအကျိုးသက်ရောက်မယ်လို့ ငါမတွေးပါဘူး ဒါပေမယ့် တစ်ဆယူရင် ဆယ်ဆမက ပြန်ပေးဆပ်ရမယ်ဆိုတာ ဘုရားဟောအရရော လောကဝတ်အရရော ပြဌာန်းထားပြီးသားမို့ ကံ၊ကံ၏အကျိုးကို နင်တို့လက်ခံယူနိုင်ဖို့ ပြင်ဆင်ထား…ဝဋ်ဆိုတာ နင်တို့ပြုခဲ့တဲ့အတိုင်း နင်တို့နောက်ကို ထပ်ချပ်မကွာလိုက်လာမှာ အကုသိုလ်ကံ အကျိုးပေးတွေက နင်တို့လိုလူတွေကို ငါလုံးဝကျိန်စာမတိုက်ဘူး လုံးဝ ကျိန်စာတိုက်မှာမဟုတ်ဘူး မေတ္တာပဲ နေ့စဉ်ရက်ဆက် စက္ကန့်မလပ် ပို့ပေးနေတာ
ငါ့သားလေးက ဘာအကုသိုလ်တစ်ခုမှ မလုပ်ခဲ့မရှိခဲ့လို့ သိပ်ကိုရိုးသားဖြူစင် အပြစ်ကင်းစင်ခဲ့လို့ မိဘအပေါ် ဆွေမျိုးအသိုင်းအဝိုင်းအပေါ် လူတကာအပေါ် တိရိစ္ဆာန်လေးတွေအပေါ် သိပ်ကိုချစ်ခင်တွယ်တာ ဂရုဏာကြီးမားခဲ့သူမို့ ကောင်းမြတ်သော ဘုံဘဝမှာ စံစားနေပြီဆိုတာ မေမေအတိအကျပြော နိုင်တယ် သား ဘယ်ဗေဒင် ဘယ်နတ်လေချွန်မှ မေမေ မမေးဘူး တတ်အပ်သိတယ် မေမေပြောနိုင်တယ်…
Be the first to comment