ရွှေပြည်သာမှာဖြစ်သွားခဲ့တာပါ….ကြပ်တည်းလာတော့လည်း လုပ်မိလုပ်ရာတွေ…..

ရွှေပြည်သာမှာဖြစ်သွားခဲ့တာပါ….ကြပ်တည်းလာတော့လည်း လုပ်မိလုပ်ရာတွေ…..

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ မနေ့ နံနက်ပိုင်းက မီးကြိုးခိုးယူသူအား ရပ်ကွက်နေပြည် သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ဇန်နဝါရီလ ၃၀ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ပန်းခြံ (၁၂)၊ ရန်ကြီးအောင်လမ်းတွင် မီးကြိုးခိုးသူအား ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“သူခိုးနှစ်ယောက်က ထန်းခြောက်ပင်ဘက်ကနေ မီးကြိုးတွေ ဖြုတ်ခိုးလာတာ၊ သူတို့စီးလာတဲ့ ဆိုင်ကယ်ပျက်တော့ မီးကြိုးထုတ်ကို လမ်းထဲက ချုံထဲကိုပစ်ချထားခဲ့တာ၊ နောက်တစ်ခေါက်လာယူတော့ လူတွေစုပြီး ဝိုင်းဖမ်းလိုက်တာ၊ တစ်ယောက်တော့ လွတ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖမ်းမိသူကို ပြည်သူများမှ စစ်ဆေးမေးမြန်းရာ၌ ဏ/၁၄ အောင်ချမ်းသာ အောက်ဘက် ပန်းခြံ(၂၀)တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ လုယက်မှု၊ ခိုးမှု၊ ဓားဖြင့်ထိုး လုယက်မှု၊ စက်ဘီးခိုးမှု၊ ဆိုင်ကယ်ခိုးယူမှု၊ ဆိုင်ကယ် အသုံးပြုပြီး လုယက်မှုများကို နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုနေကြ သည်။

Be the first to comment

Leave a comment

Your email address will not be published.


*