ပြင်ဦးလွင်ရှိ စည်သာတံတားအဆင်းတွင် ကျိုးကျနေတဲ့သစ်ကိုင်းကို ကားကဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံး
အဆိုပါဖြစ်စဥ်မှာ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ် အနီးစခန်း ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ နံ နက် ၁၀နာရီဝန်းကျင်ခန့်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊အနီးစခန်း လေယာဉ်ကွင်းဝင်းနားရှိ စည်သာတံတား အဆင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“အဲဒီကားက ပြင်ဦးလွင်ကနေ ပြန်လာချိန် အခင်းဖြစ်နေရာအရောက် သစ်ကိုင်းကျိုးကျတဲ့အချိန်နဲ့ တိုက်ဆိုင်သွားပြီး ကားက သစ်ကိုင်းကို ဝင်ဆောင့်တဲ့ သဘောဖြစ်သွားတာ၊ သစ်ကိုင်းက ကားခေါင်းကို ဖောက်ထွက်ကာ ယာဉ်မောင်းရဲ့ ဗိုက်ကို ထိုးမိသွားပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်”ဟု တုသိတာအခမဲ့လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တဦးကပြောပါတယ်။
Be the first to comment