ရန်ကုန်ဘူတာကြီးတွင် တောင်းရမ်းစားသောက်နေတဲ့ (၇)နှစ်အရွယ် သမီးငယ်လေးကို ရက်ရက်စက်စက် အဓမ္မပြုကျင့်ကာ…
မင်္ဂလာတောင်ညွန့် ၊သိမ်ဖြူဂုံးတံတားအောက်တွင် အသက်၇နှစ်အရွယ် မိန်းခလေးတစ်ဦး အဝတ်အစားမပါ ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိပြီး ဆာလာအိတ်နှင့် ထုပ်လျှက် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။ သေဆုံးသူ မိန်းခလေးသည် ရန်ကုန်ဘူတာကြီး ဝန်းကျင်၌ တောင်းရမ်းစားသောက်နေသူဖြစ်ပြီး အခြေအနေမဲ့တစ်ဦးဖြစ်ပါသည်။
တရားခံသည် ၄င်းတို့ထံ ဝင်ထွက်သွားလာတတ်သူဖြစ်ပြီး ရန်ကုန်ဘူတာကြီး၌ စုဆောင်းရေး လူပွဲစားလုပ်ကိုင်နေသူ ဖြစ်ပါသည်။အမည်နှင့် နေရပ်လိပ်စာ မသိသေးပါ။ တရားခံ၏ ညာဘက်လက်ခုံ လက်မနှင့် လက်ညှိုးဂွတွင် ကင်းမြီးကောက်ပုံ တက်တူးရှိပါသည်။
ရက်ရက်စက်စက် အသက်မပြည့်သေးတဲ့ ခလေးငယ်အား အကြမ်းဖက်နှိပ်စက် မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ဖျောက်ဖျက်မှုမှ တရားခံအား သိရှိသူများ ဝိုင်းဝန်းဖော်ထုတ်ကူညီကြပါ။C r d
Be the first to comment