ချေးငှားပြီး ပြန်မဆပ်လိုက်ရတဲ့ နှမ်းနှစ်ပြည်ကြောင့် နွားဘဝဖြင့် အကြွေးဆပ်ရရှာသူ မအေးဘုံ

ချေးငှားပြီး ပြန်မဆပ်လိုက်ရတဲ့ နှမ်းနှစ်ပြည်ကြောင့် နွားဘဝဖြင့် အကြွေးဆပ်ရရှာသူ မအေးဘုံ

သိ၍ဖြစ်စေမသိ၍ဖြစ်စေ၊ ချေးငှားမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ(ဖြစ်ရပ်မှန်)ကို တင်ဆက်ပေးလိုက်ရပါတယ်။မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံကြားသည်နှင့် အိပ်ရာမှထခဲ့သည်။ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်းထုပ်ပေးရန် မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် “လှလူရေ ဟေ့..လှလူ၊ခွေးကြည့်ပါဦး” ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။”စောစောစီးစီး ဘယ်သူများလဲလို့ အေးဘုံကိုး ဘာအရေးကြီးကိစ္စရှိလို့တုန်း”၊ “ဒီမနက် နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက် ချေးပါဦး နောင်ခါနှမ်းပေါ်ရင်ထုံးစံအတိုင်း ပြန်ပေးပါ့မယ်”။

နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်ကလေး ကောင်းသည်။တစ်ချို့နေရာများတွင် အဝါရောင်ဖက်သန်းနေပြီ။မကြာမီ ရိတ်သိမ်းရတော့မည်။မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်မောင် ရှင်ပြုပွဲနွှဲရတော့မည် ထင်ပါသည်။ခုတလော မအေးဘုံတစ်ယောက် နေ့စဉ်လိုလို နှမ်းခင်းသွားကြည့်သည်။ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ်”အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး”။

မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ဝဲဘက်ခြေဖမိုးပေါ်မှ မျက်ခနဲဖြစ်သွားခဲ့သည်။အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေးတစ်ကောင်ကို တွေ့ရသည်။မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလားထင်ရသည်။ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ထိန်းထားစဉ် ရုတ်ချည်းခွေလဲကျသွားခဲ့ လေသည်။မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။သည်နေ့ည ဘယ်လိုဖြစ်နေသည်မသိ။မလှလူတစ်ယောက် အိပ်၍မပျော်ပဲ ဖြစ်နေသည်။ညလုံးနီးပါး မျက်စိများက ကြောင်နေသည်။လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

“လှလူ ငါ ညည်းတို့နဲ့ လာနေမယ်နော် ညည်းကြိုက်သလိုခိုင်းပါအေ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။အသံက မအေးဘုံအသံ။မြင်ရသည့်မြင်ကွင်းက အေးဘုံမဟုတ်။ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။

နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှထခဲ့သည်။ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး”အေးဘုံရယ် နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့ ငါ ကျေနပ်ပါတယ် အို…ဘုရား…ဘုရား…တပည့်တော်မအိပ်မက် မဟုတ်ပါစေနဲ့ လွဲပါစေ ဖယ်ပါစေ”။မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီးသားတင်သွားခဲ့သည် တိုက်ဆိုင်မှုဟု ဆိုရမည်လားမသိ။ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက နွားမလေးအတိုင်း ပုံတူမွေးလာခဲ့လေသည်။မလှလူသည် မအေးဘုံတဖြစ်လဲ နွားမလေးကို ဘာမှမခိုင်းပဲ ဘေးမဲ့ပေးထားခဲ့သည်။

သို့သော် နွားမလေးက အလကားမနေပဲ အိမ်ရှိပစ္စည်းများကိုစောင့်ရှောက်သည် ညညဆို အိပ်သည်မရှိ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတစ်ဦးတစ်ယောက်ပမာ အလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ်နေခဲ့သည်။ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကား ကြောက်စရာပင် ဖြစ်ပါတော့သတည်း။C r d

Be the first to comment

Leave a comment

Your email address will not be published.


*