ကျန်းမာရေးမကောင်းတဲ့ မိခင်ကို လာစောင့်ရှောက်ပေးနေတဲ့သမီးလေးကို ပထွေးဖြစ်သူမှ မိန်းမအလစ်တွင်…

ကျန်းမာရေးမကောင်းတဲ့ မိခင်ကို လာစောင့်ရှောက်ပေးနေတဲ့သမီးလေးကို ပထွေးဖြစ်သူမှ မိန်းမအလစ်တွင်…

ပဲခူးတိုင်းဒေသကြီး၊သနပ္ပင်မြို့နယ်တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ပထွေးဖြစ်သူက ကျန်းမာရေးမကောင်းသော မိန်းမ၏ အလစ်တွင် အဓမ္မကျူးလွန်ခဲ့သော သက်ငယ်မုဒိန်းတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊သနပ္ပင်မြို့နယ်၊ဇီးပင်ကျေးရွာတွင်နေထိုင်သော ဒေါ်ခင်စိုးဝင်း (၅၂နှစ်)က သူမ၏သမီးဖြစ်သူ မနွယ်နီက နောက်အိမ်ထောင်ပြုသဖြင့် ပထွေးနဲ့အတူလိုက်နေရန် မသင့်တော်ဟုဆိုကာ မြေးမလေး မ___အား အဖိုးအဖွားများနှင့်အတူ နေထိုင်စေခဲ့သည်။

ယင်းသို့နေထိုင်ခဲ့ကြရာမှ လွန်ခဲ့တဲ့လပိုင်း အနည်းငယ်တွင် သမီးဖြစ်သူ မနွယ်နီ ကျန်းမာရေးမကောင်းသဖြင့် မြေးဖြစ်သူအား မိခင်ကိုပြုစုပေးရန် စေလွှတ်ခဲ့သည်။(၁)ပတ်ခန့်ကြာပြီးနောက် မြေးဖြစ်သူ မ___ပြန်လည် ရာက်ရှိလာခဲ့ပြီး တမှိုင်မှိုင်တတွေတွေ ဖြစ်နေသဖြင့် အဖိုးဖွားများက မေးမြန်းခဲ့ရာမှ ပထွေးဖြစ်သူ ဇော်ဦးဆိုသူက အတင်းအဓမ္မပြုကျင်ခဲ့ပြီး လူကြီးများကို ပြန်ပြောပါက

“နင့်ကိုသတ်မယ်၊ နင့်အမေကိုလည်း သတ်မယ်” ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပြန်မပြောဝံ့ခဲ့ကြောင်း ငိုယိုတိုင်ကြားခဲ့သည်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖွားဖြစ်သူ ဒေါ်ခင်စိုးဝင်းက ပဲခူးတိုင်းဒေသကြီး၊သနပ္ပင်မြို့နယ် မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။မြို့မရဲစခန်းမှ တရားခံဇော်ဦးအား အချိန်မီဖမ်းဆီးနိုင်ခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ၃၇၆နဲ့ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။Credit:မင်းမဟာ(သက္ကတိုင်း)

Be the first to comment

Leave a comment

Your email address will not be published.


*