အဖေတူ အမေကွဲ ရွှေရည်သိန်းတန်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလာတဲ့ သမီးကြီး ဝင်းပပသိန်းတန်
ချစ်ပရိသတ်ကြီးတို့ရေ မြန်မာသံစဉ် တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင် ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံတေးသိန်းတန်ကတော့ လူသေသွားပေမယ့် သူ့ရဲ့နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
တွံတေးသိန်းတန်ရဲ့ ဒုတိယအိမ်ထောင်နဲ့ရတဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။
အခုအခါမှာလည်း တွံတေးသိန်းတန်ရဲ့ ပထမ အိမ်ထောင်နဲ့ရရှိခဲ့တဲ့ သားသမီးတွေထဲက သမီးတစ်ယောက်ဖြစ်တဲ့ ဝင်းပပသိန်းတန်က ရွှေရည်သိန်းတန်နဲ့ပတ်သတ်ပြီး အခုလိုပြောပြလာခဲ့တာပါ။
“မောင်နှမတွေက အတူတူမနေခဲ့ရပေမယ့် အခုတော့ ပိုပြီးနွေးထွေးလာကြပါတယ်။ရွှေရည်လေးနဲ့က တစ်အိမ်တည်းမှာ အတူနေခဲ့ရပြီး မမလက်ပေါ်မှာ ကြီးပြင်းခဲ့တယ်။အခုတော့ သူလည်း သူ့ရဲ့ဘဝ လမ်းကြောင်းနဲ့ သူ့ဘာသာသွားနေတာပါပဲ။
မမတို့က သူ့ကို ကလေးတစ်ယောက်လိုပဲ မြင်နေတုန်းပါ ရွှေရည်က ဖေဖေ့ရဲ့ နောက်ဆုံးသွေးစက်ပါ”ဆိုပြီး တွံတေးသိန်းတန်ရဲ့ သမီးကြီး ဝင်းပပသိန်းတန်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။၀င်းပပသိန်းတန်ကတော့ စိတ်သဘောထားမွန်မြတ်တဲ့ အမျိုးသမီးတစ်ဦးပါပဲနော်။
Be the first to comment