ပိုက်ဆံသွားချေးတာကို အဓမ္မပြုကျင့်ဖို့ကြံခံခဲ့ရတဲ့ မြန်အောင်မြို့နယ်က (၂၃)နှစ်အရွယ် အမျိုးသမီးလေးရဲ့အဖြစ်ဆိုး
အဓမ္မကျင့်ခံရမည်စိုး၍ ခုခံရင်း လူသတ်မှုကျူးလွန်ခဲ့သူ မြန်အောင်မြို့နယ်မှ အမျိုးသမီးလေး ဖမ်းဆီးခံရ
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ ဇန်နဝါရီလ(၃၀)ရက်နေ့ ညပိုင်းက အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်မှာအသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ လူသတ်မှုကို ရဲကအမှုဖွင့်ပြီး တရားခံဖမ်းမိချိန်မှာ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးဖြစ်နေပြီး အဆိုပါ အမျိုးသမီးဟာ သေဆုံးသူအမျိုးသားရဲ့ နေအိမ်မှာ ပိုက်ဆံသွားချေးစဉ်မှာ အဓမ္မပြုကျင့်ဖို့ ပြုလုပ်ခံခဲ့ရတာကြောင့် ခုခံကာကွယ်ရင်း လူသတ်မှုဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ကောင်မလေးက အသက်(၂၃)ပဲရှိသေးတယ်၊ကောင်မလေးက အဲ့သေသွားတဲ့သူအိမ်မှာ သူမနဲ့အတူသားလေးကိုခေါ်ပြီး ပိုက်ဆံသွားချေးတာ၊သေသွားသူက ပိုက်ဆံမပေးခင် လက်စွပ်ချွတ်ပေးပြီး ကောင်မလေးကို စည်းရုံးတာ၊မရတော့ အဓမ္မပြုကျင့်ဖို့လုပ်တာ၊ အဲ့မှာ ကောင်မလေးက ကြောက်လန့်ပြီး ခုခံလိုက်တော့ သေသွားတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသေဆုံးနဲ့အပြင် ကာလတန်ဖိုး(၂)သိန်းဝန်းကျင်ရှိတဲ့ လက်စွပ်ပါပျောက်ဆုံးသွားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ တို့နဲ့ အမှုဖွင့်ထားတာကြောင့် အဓမ္မပြုကျင့်ဖို့အတွက် ခံရသူအမျိုးသမီးမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်သက်ရင့်ရှေ့နေတစ်ဦးက ရဲဘက်က အမှုဖွင့်ထားရင် ဖမ်းဆီးခံထားရနိုင်ပြီး တရားရုံးရောက်လို့ အမှုရင်ဆိုင်မှသာ တရားသူကြီးရဲ့ ဆုံးဖြတ်ပိုင်ခွင့်အရ အဓမ္မပြုကျင့်ဖို့ ခံရသူ အမျိုးသမီးမှာ ပြန်လွတ်နိုင်မှာဖြစ်တယ်လို့ မှတ်ချက်ပေးပြောဆိုထားပါတယ်။
Be the first to comment