လှည်းတန်းစင်တာရှိ အာလူးကြော်ဆိုင်က ဝန်ထမ်းရဲ့ ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်

လှည်းတန်းစင်တာရှိ အာလူးကြော်ဆိုင်က ဝန်ထမ်းရဲ့ ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်

လှည်းတန်းစင်တာက အာလူးကြော်ဆိုင်ဝန်ထမ်းရဲ့ ရွံ့ရှာစက်ဆုပ်စရာလုပ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ဒီနေ့ လှည်းတန်းစင်တာမှာ ပါကင်ရပ်ထားရင်းနဲ့ အာလူးကြော်စားမယ်ဆိုပြီး ပိုတေးတိုးကော်နာမှာ အာလူးကြော်နဲ့ ချိစ့်ဝက်အူချောင်း ဆင်းဝယ်ပါတယ်။

မုန့်မှာ ငွေရှင်းအပြီး အနှင်းက ဒီဘက်မှာရပ်ပြီး အော်ဒါစောင့်နေတာပါ။အာ့အချိန် ပိုတေးတိုးကော်နာမှ ဝိုင်းပြထားတဲ့ဝန်ထမ်းက “ဝက်အူချောင်းကို ရေခဲသေတ္တာထဲက ယူပြီး သူတပ်ထားတဲ့ မက်စ်ကိုချွတ်လိုက်ပါတယ်။နှာခေါင်းထဲက နှပ်ချီးဖတ်ကိုယူပြီး အာ့ဝက်အူချောင်း မှာ သုတ်လိုက်ပါတယ်ရှင်” အာ့အချိန် သူနဲ့စကားပြောနေတဲ့ ဝန်ထမ်းကောင်မလေးက “ဟက်”ဆိုပီး အာ့ကောင်လေးကိုတောင် ပြောလိုက်ပါသေးတယ်။

သူလုပ်တာကို ဝန်ခံထားတာကို record သွင်းလာတာပါ။ မိန်းကလေးဖြစ်လို့ အာ့နားမှာ အခြေအတင်တွေ မဖြစ်ချင်လို့ စိတ်ကို တော်တော်လေးလျှော့ပီး ပြန်လာခဲ့ပါတယ်။ပိုတေးတိုးကော်နာကို အသေကြိုက်တဲ့ ကာစတန်မာပါ။အကောင့်ထဲက လူတွေတောင် သိပါတယ်။ အမြဲဝယ်စားနေကြပါ။ခုလုပ်ရပ်က ရွံ့စရာကောင်းပြီး အတော်လေး အောက်တန်းစား ဆန်လွန်းပါတယ်။ (Hnin)(မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

Be the first to comment

Leave a comment

Your email address will not be published.


*