ဂတ်စ်မီးဖိုနဲ့ကင်တဲ့ အကင်ဆိုင်တွေမှာ သွားစားရင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အန္တရာယ်

ဂတ်စ်မီးဖိုနဲ့ကင်တဲ့ အကင်ဆိုင်တွေမှာ သွားစားရင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အန္တရာယ်

ဂတ်စ်မီးဖိုနဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင်တွေဆို သွား စားဖိုတော်တော် စိတ်ဒဏ်ရာရသွားခဲ့ပြီ။ပြောပြချင် တာကတော့ ဂတ်စ်မီးဖိုနဲ့စားရမယ့် အစာစားတွေဆိုရင် မီးဖိုနဲ့ ဆက်စပ်ပစ္စည်းတွေကို သေချာဂရုစိုက်ဖို့ရယ်၊ သတိရှိဖို့ရယ် ကိုယ်တွေလို တခြားသူတွေကို ထပ်မဖြစ် စေချင်လို့ မျှဝေမှု လုပ်တာပါ။

ဆိုင်ကို အရမ်းကြိုက်လို့ ၂ ဆိုင်လုံးမှာ ခဏခဏသွား စားဖြစ်တယ်။နောက်ထပ်သွားစားဖို့ တော်တော်လေး ကြောက်မိတယ်။ဖြစ်ပုံက မနေ့ညက သူငယ်ချင်း ၄ယောက် အကင်သွားစားတာ ဂတ်စ်မီးဖို ထပေါက်တာ အိုးတောင်မပူသေး၊အကင်တောင်မကင်ရသေးဘူး။

ဝိတ်တာက ဂတ်တစ်မီးဖို လာဖွင့်တော့ သူကပွင့်တယ် ထင်ပြီးထားခဲ့တာ မပွင့်လို့ပြန်ခေါ်ပြီး ပြန်ဖွင့်ခိုင်း တော့ ဂတ်စ်ဘူးကို သေချာဖြုတ်တပ်မလုပ်ဘဲ ရှေ့တိုး နောက်ဆုပ်လုပ်ပြီး ဂတ်စ်မီးဖိုကို ပြန်ဖွင့်ပေးခဲ့တာပါ။(တကယ်တော့ သေချာ ဂတ်စ်ဘူးကို ဖြုတ်ပြီးပြန်တပ် ပေးတာ (သို့)ဂတ်စ်ဘူး အသစ်လဲပေးတာ လုပ်ပေးရမှာပါ)။

ခဏနေတော့ ကင်မ်ချီစားနေရင်း ဂတ်စ်မီးဖိုက ဂတ်စ်မလုံပဲ အုန်းခနဲထပေါက်တာ ကိုယ်ကသိသိချင်း မျက်နှာကိုလွဲပြီးရှောင်လိုက်နိုင်လို့၊ ဂတ်စ်အိုးနဲ့တည့်တည့်ထိုင်တဲ့ သူငယ်ချင်းက မျက်နှာကို ပေါက်ပွဲမှုကဖြစ်တဲ့ ဆီကလာတဲ့ မီးလုံးကြီးနဲ့ ဟက်သွားတာ။

ကံကောင်းတာ သူငယ်ချင်းက မျက်လုံးကို လက်နဲ့ကာ လိုက်လို့ မျက်လုံးတော့မထိသွားတာ မျက်နှာတစ်ခုလုံး ကို အပူဟက်သွားပြီး ဆံပင်တွေ၊ မျက်ခုံးမွှေးတွေ၊ မျက်တောင်မွှေးတွေ အကုန်လောင်ကုန်တာ ကာလိုက် တွဲလက်မှာတော့ အပူလောင်ဒဏ်ရာရသွားတာပေါ့။ပြီးတော့ ဆေးရုံးကြီးက အရေးပေါ်ကိုခေါ်သွားပြီး အဲ့ကနေမှ မျက်နှာနဲ့မေးရိုးကို သွားပြခဲ့ရတယ်။

မျက်နှာကတော့ ဘာမှမဖြစ်သွားပေမယ့် အပူတွေတော့လောင် ခဲ့တာ ဆံပင်၊ မျက်ခုံးမွှေး၊ မျက်တောင်မွှေးနှင့် လက်ကဒဏ်ရာကတော့ အဆိုးဆုံးပေါ့။ဆိုင်ကဝန်ထမ်းတစ်ယောက်ကတော့ အစအဆုံးလိုက်ခဲ့ပေးပြီး၊ဆေးရုံပြလို့ပြီးမှ ဆိုင်ကသူဌေးစုံတွဲက လိုက်လာပြီး ကျေနပ်တဲ့အထိ လာတောင်းပန်ပါတယ်။(Shin Myo Thu)

Be the first to comment

Leave a comment

Your email address will not be published.


*