နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ သပိတ်ကျင်းနယ်ထဲက ရတနာတွင်းကြီးအကြောင်း

နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ သပိတ်ကျင်းနယ်ထဲက ရတနာတွင်းကြီးအကြောင်း

ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော် တကယ်တမ်းကတော့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။အဲ့ဒီအထဲမှာတော့ ကျောက်မျက် ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီးနည်းပညာတပ်ရဲ့ ဘေးနားကပါ။အဲ့ဒီနားကဒေသတစ်ဝိုက်ဟာ ရွှေ၊ငွေ၊သယံဇာတ၊ကျောက်မျက်ရတနာတွေ များစွာထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။သပိတ်ကျင်းနယ်ထဲကနေထွက်တဲ့ ပတ္တမြား၊နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ကျောက်ကြီးနည်းပညာတပ်ရဲ့ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေကပြောတာပါ။

တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည်ထွက်လာတာပါ။မုဆိုးတွေဟာ သူတို့ရွာရဲ့ အရှေ့ဘက်ကို တောလိုက်ကြတာဖြစ်ပါတယ်။အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီးမျက်မဲကြီး ဖြစ်ပါတယ်။ကျွန်းတွေ၊ပိတောက်တွေ အရမ်းပေါတယ်။အခုချိန်မှာ ကားလမ်းဘေးတစ်ဝိုက်မှာတော့ တောင်ကတုံးတွေပဲ ကျန်တော့တာပါ။တောလည်ထွက်လာရင်း မုဆိုးကြီးခြောက်ယောက်ဟာ မျက်စိလည်လမ်းမှားကြပါတယ်။လမ်းပျောက်ရှာဖွေရင်းနဲ့ ကျောက်မျက်ရတနာမျိုးစုံတွေ ပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက်ကြတာပါ။

အဲ့ဒီနယ်ဘက်က မုဆိုးတွေဟာ ကျောက်မျက်ရတနာသယံဇာတနယ်မြေမှာ နေသူတွေဖြစ်ကြတဲ့အတွက်ကျောက်အကြောင်းတွေကို အတန်သင့်နားလည်တတ်မြောက်ထားကြတာပါ။မုဆိုးခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ ကျောက်တွေကိုရွေးချယ်ပြီး နေရာဒေသကိုမှတ်ထားခဲ့ကာ ရွာကို ပြန်လာကြပါတော့တယ်။သို့သော်လည်း မုဆိုးတွေဟာ သယ်ယူလာတဲ့ ကျောက်မျက်ရတနာတွေကိုသယ်ယူချင်စိတ် မရှိလောက်အောင်ကို လေးလံလာတာပါ။သူတို့တွက်လည်း ဆက်လက်သယ်ယူဖို့ အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာ နီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။

မှောင်ရီပျိုးစအချိန်မှာ သူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။နောက်ဆုံးပြန်ရောက်ချိန်မှ သိလိုက်တာဟာ သူတို့မျက်စိလည် လမ်းမှားနေတာက သူတိုရွာခေါင်းရင်း တောင်ပေါ်မှာပဲ ဖြစ်နေတာပါ။သူတို့တွေလည်း နောက်တစ်ခါပြန်လည်ရှာဖွေရာမှာတော့ မတွေ့ ရတော့ပါဘူး။သူတို့အရင် အူတွင်းကြီးကို ရောက်ဖူးသူတွေ ရှေးလူကြီးတွေပြောပြတာကတော့ အဲ့တွင်းကြီးကို ခွေးနတ်တွေစောင့်ရှောက်တာပါတဲ့နော်။တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင် ခွေးနတ်တွေကို ပူဇော်ဆက်သရတယ်လို့ ဆိုပါတယ်။

မုဆိုးခြောက်ယောက်ထဲမှာ ယခုချိန်မှာ တစ်ယောက်ပဲကျန်ရှိတော့တာပါ။ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ၊ပတ္တမြားမျိုးစုံ ထွက်နေဆဲဖြစ်ပါတယ်နော်။လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။ဗဟုသုတရစေရန် ပြန်လည်မျှဝေလိုက်ပါတယ်။အချိန်ပေးပြီး ဖတ်ရှု့ပေးကြသော ပရိသတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်း အထူးတင်ရှိပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*