ပွဲတစ်ခုမှာ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကိုင်ပေါက်စော်ကားခံခဲ့ရကြောင်း ပြောပြလာတဲ့ ကျော်ထက်အောင်
မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် ချက်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။သရုပ်ဆောင် ကျော်ထက်အောင်ကတော့ သရုပ်ဆောင်အမူအရာကောင်းရုံတင်မကပဲ အသံပါဝါအား ကောင်းကောင်းနဲ့ ပွဲတွေမှာ အစီအစဉ်တင်ဆက်သူ တစ်ယောက်အနေနဲ့လည်း လုပ်ကိုင်ပါသေးတယ်နော်။
ကျော်ထက်အောင်က ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က တစ်သားတည်း ရပ်တည်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ယခုအခါမှာလည်း ကျော်ထက်အောင်က မကြာသေးခင်က ပွဲတစ်ခုမှာ ကျောကုန်းကို လက်သီးနှင့်ထိုးတဲ့အထိ ကိုယ်ထိလက်ရောက် အစော်ကားခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။
“လူတစ်ဦးက မူးရူးပြီး ကျောကုန်းကို လက်သီးနဲ့ထိုးတယ်၊ ဂုတ်ကနေကိုင်ပြီး လွှင့်ပစ်လိုက်တာမျိုး၊ ကိုယ်ထိလက်ရောက် စော်ကားတာမျိုးကို ကြုံလိုက်ရတယ်၊ ကျွန်တော့်မှာ လက်တုန့်ပြန်ခွင့်လည်း မရှိဘူး၊ လက်သီးနဲ့ ကျောကုန်းကို ထိုးရင် သူ့ မျက်နှာကို ပြန်ထိုးလို့ရတယ်၊ လုပ်လိုက်ရင် နှစ်ဖက်အမှား ပုံစံမျိုးဖြစ်မယ်လို့ တွေးပြီး သည်းခံလိုက်ရပါတယ်” ဆိုပြီးဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။
Be the first to comment