မိခင်ရဲ့နာရေးမှာ အရက်ကြောင်ကြောင်နေတဲ့ သားက..
မိသားစုနာရေးမှာ ဓားခုတ်မှုဖြစ်ပွား…
မကွေးမြို့နယ်၊ကြာကန်အုပ်စု၊ ပုဂံမျှော်ကျေးရွာ (အောင်သာကုန်းတဲတိုက်)တွင် မိခင်ဖြစ်သူ၏နာရေးမှာ အရက်ကြောင်ကြောင်နေသော သားဖြစ်သူမှ
ဓားဖြင့်လိုက်ခုတ်ရာ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူ နားရွက်ပြတ်၊ ဦးခေါင်းပြတ်ရှ၊ လက်မောင်း ပြတ်ရှ ဒဏ်ရာရနှင့် အစ်မအရင်းဖြစ်သူ ဘယ်ဘက်လက်
ပြတ်ရှဒါဏ်ရာရတို့အား လိုအပ်သည်များ ပြုစုမှုပေး၍ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးသို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၂) စီးဖြင့် အရေးပေါ် ကူညီပို့ဆောင်ပေးလိုက်ပါသည်။
30.1.2022 (11:27 am)မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း၊ရုံးတည်နေရာ – ပညာစက္ကာရာမ ကျောင်းတိုက် ၊ မြို့ပတ်လမ်း၊မကွေးမြို့
Be the first to comment