အုတ်တွင်းမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို…(မကြားဝံ့ မနာသာပါ)
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာ၌ သားဖြစ်သူက ဖခင်ဖြစ်သူအား ဓားဖြင့်ထိုးမှု ဖေဖော်ဝါရီလ (၆)ရက်နေ့ ည(၉)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းထံမှသိရပါသည်။
“ည ၉ နာရီလောက်မှာ သားအဖနှစ် ယောက် အရက်မူးပြီး စကားများရာကနေ သားဖြစ်သူက အဖေကို ဓားနဲ့ထိုးလိုက်တာ။အဖေက အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်”ဟု အဆိုပါအသင်းမှ တာဝန်ခံဆရာတော်က မိန့်ကြားခဲ့ပါသည်။
ယင်းဓားထိုးမှုကြောင့် အသက်(၄၈)နှစ်အရွယ် ဦးဆန်းဝင်းဆိုသူ သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား အုတ်တွင်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း အသက်(၂၀)ဝန်းကျင်ရှိ သားဖြစ်သူ ရဲဝင်းစိုးအား အုတ်တွင်းမြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။
Be the first to comment