သူစိမ်းတွေသာမက ယောကျာ်းဖြစ်သူကိုပါမချန် အကြံကြီးကြီးနဲ့ ယုတ်မာခဲ့တဲ့အမျိုးသမီး

သူစိမ်းတွေသာမက ယောကျာ်းဖြစ်သူကိုပါမချန် အကြံကြီးကြီးနဲ့ ယုတ်မာခဲ့တဲ့အမျိုးသမီး

ဖြစ်စဉ်မှာ (၁၁)လပိုင်း(၁၂)ရက်နေ့တွင် သရက်တောင်ကျေးရွာနေ ဦးအောင်လှဝင်းနေအိမ်သို့ ၎င်းကျေးရွာရှိ ဒေါမပုချေ ရောက်ရှိလာပြီး ၎င်းဒေသသားများဖြစ်ကြသည့် ကိုအောင်လင်းထွန်းနှင့် ကိုလင်းလင်းထွန်းတို့နှစ်ဦးကို အလုပ်လုပ်ရန် ထိုင်းနိုင်ငံတွင် တစ်လလျှင် ငွေကျပ်(၄)သိန်းရမည်ဖြစ်ကြောင်း လာရောက်ပြောဆိုခေါ်ခဲ့သည်။ထို့နောက် (၁၁)လပိုင်း (၁၆)ရက်နေ့တွင် ၎င်း၏သားနှစ်ဦးနှင့်အတူ အခြားသူ(၁၄)ဦးတို့ကိုပါခေါ်၍ ကဇာကိုင်းကျေးရွာ ကားဂိတ်မှ ရန်ကုန်သို့ခေါ် ဆောင်သွားခဲ့၏။

၎င်းတို့ရန်ကုန်သို့ရောက်ရှိပြီး ဒေါ်မပုချေ၏မောင်ဖြစ်သူ စေလွှတ်သောကားဖြင့် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ရောက်ရှိပြီး ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းပိုင်ရှင် (အမည်မသိ)ထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။ဦးအောင်လှဝင်း၏ သားနှစ်ဦးနှင့်အတူ နောက်ထပ် (၁၄)ဦးမှာ ထိုင်းနိုင်ငံတွင်မရှိတော့ဘဲ မည်သည့်အရပ်သို့ ရောက်ရှိနေကြောင်း ဆက်သွယ်မှုမရဖြစ်နေချိန်တွင် သားတစ်ဦးမှ ဖုန်းဖြင့်ဆက်၍ ၎င်းတို့ဒုက္ခရောက်နေကြောင်း အမြန်ကယ်ပေးပါရန်နှင့် ၎င်းတို့မှာ ရောင်းစားခံရကြောင်း ဆက်သွယ်လာခဲ့သည်။ရောင်းစားခံရသူများထဲတွင် ဒေါ်မပုချေ၏ အမျိုးသားလည်း ပါဝင်ကြောင်းသိရှိရသည်။

သို့ဖြစ်ပါ၍ ၎င်းတို့သားနှစ်ဦးအား ရောင်းချခဲ့သူ ဒေါ်မပုချေနှင့် ၎င်း၏အကို ဦးသာအောင်ချေတို့အား ဥပဒေနှင့်အညီ အရေးယူပေးပါရန် (၁)လပိုင်း (၁၂)ရက်နေ့တွင် ကမ်းထောင်းကြီးရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်။အဆိုပါတိုင်ကြားမှုကို ကမ်းထောင်းကြီးရဲစခန်းမှ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ဖြင့် အမှုဖွင့်ပြီး ဖြစ်စဉ်အား လမ်းထေဝင်းကြီးရဲစခန်းမှူး ရဲအုပ်ကျော်နုမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမောင်ထံ တင်ပြပြီး

မြို့နယ်မှူး၏ ညွှန်ကြားချက်များရယူကာ ရဲလုပ်ငန်းများကို ပြည့်စုံစွာဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြသည်။ထိုသို့စုံစမ်းမှုပြုခဲ့ရာမှ (၁)လပိုင်း (၁၂)ရက်နေ့တွင် ဒေါ်မပုချေ(၃၁)နှစ်နှင့် ဦးသာအောင်ချေ(၃၃)နှစ်၊သရက်တောင်ကျေးရွာနေသူတို့အား ဒုရဲအုပ် လှထွန်းသိန်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များက ဖမ်းစီးရမိခဲ့ပြီး၊မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a comment

Your email address will not be published.


*