မိန်းကလေးတိုင်းလိုလို ဆံပင်အရှည်ထားပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းနေကြဆဲဖြစ်တဲ့ ရွှေပျားစည်ရွာ
ခေတ်ကာလ တိုးတက်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲကုန်ကြပါတယ်။မိတ်ကပ်ကြောင့် မိန်းကလေးတွေကလည်း ပိုပိုလှလာသလို တဖက်မှာလည်း သနပ်ခါးဆိုတာ ပျောက်ကွယ်ကုန်ပါတယ်။တချို့မိန်းကလေးတွေက ဆံပင်တွေဆေးဆိုး အတိုညှပ်ပြီး ကိုရီးယားမလေးတွေလို ဖြစ်ကုန်ကြပါတယ်။
ဒါပေမဲ့လည်း ခုပြောပြမယ့် ရွာကမိန်းကလေးတွေကတော့ တစ်ရွာလုံးနီးပါး မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားကြတာပါ။မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပျားစည်ရွာက မိန်းကလေးတွေဟာ တစ်ရွာလုံးနီးပါး ဆံပင်အရှည်ကြီးတွေထားကြတာပါ။
မြန်မာဆန်ဆန်လေးနဲ့ တကယ့်ကို ကျက်သရေရှိစွာ လှပနေကြပါတယ်။ဆံပင်အတိုလေးတွေ အဝတ်အစား အတိုအပြတ်တွေနဲ့ ခေတ်ဆန်နေကြတဲ့ ဒီဘက်ခေတ်မှာ ခုလိုမြန်မာ့ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းထားတာဟာ ဂုဏ်ယူလေးစားဖွယ်ရာ ဖြစ်ရပ်လေးပါပဲနော်။
Be the first to comment