အထည်ချုပ်တွင် အလုပ်လျှောက်လွာတင်ပြီး စက်ရုံကြို/ပို့ ကားပေါ်ထိုင်နေစဥ် ကားပေါ်မှာတင် အလိုမတူပြုကျင့်ခံခဲ့ရတဲ့ ကောင်မလေး

အထည်ချုပ်တွင် အလုပ်လျှောက်လွာတင်ပြီး စက်ရုံကြို/ပို့ ကားပေါ်ထိုင်နေစဥ် ကားပေါ်မှာတင် အလိုမတူပြုကျင့်ခံခဲ့ရတဲ့ ကောင်မလေး

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံတွင် အထည်ချုပ်စက်ရုံသို့ အလုပ်လျှောက်ရန်လာရောက်သည့် ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၆ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်းသိရသည်။

ရွှေလင်ဗန်းစက်မှုဇုံက အထည်ချုပ်စက်ရုံမှာ အလုပ်လျှောက်ရန် သူငယ်ချင်းနဲ့ လာတယ်။သူငယ်ချင်းက စက်ရုံထဲဝင်သွားချိန် စက်ရုံကြို/ပို့ကားပေါ်မှာ စောင့်နေစဥ် အမည်မသိ အမျိုးသားတစ်ယောက်က ညီမလေး သီချင်းကူးပေးဦးဟုပြောဆို၍ သီချင်းကူးပေးစဥ် စက်ရုံကြိုပို့ကားပေါ်၏ နောက်ပိုင်းထိုင်ခုံဆွဲခေါ်၍ မအော်မဟစ်ရန်ပြောဆိုကာ အဓမ္မပြုကျင့်ပြီး ၁၅မိနစ်ခန့်အကြာ ထပ်မံ နောက်ကြိမ်ပြုကျင့်ကြောင်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံက သိရသည်။

အဓမ္မပြုကျင့်သူက ၎င်းအား ညကျလျှင်ထပ်မံဖုန်းဆက်မည် ထွက်ခဲ့ဟုပြောဆိုကာ ဖုန်းနံပါတ်တောင်းယူပြီး ၎င်းနေထိုင်သည့်နေရာသို့ ပို့ဆောင်ပေးခဲ့ပေးကြောင်း အဖြစ်အပျက်အား နေအိမ်အရောက် ဦးလေး၊အဒေါ်တို့အား ဖွင့်ပြောဆိုခဲ့ရာ အဓမ္မပြုကျင့်သူ ဖုန်းဆက်သွယ်လာစဥ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

အဓမ္မပြုကျင့်သည့် ပြစ်မှုကျူးလွန်သူဟုယူဆရသူသည် ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာတွင်နေထိုင်သည့် အသက် ၂၅နှစ်အရွယ် မင်းထွေးဖြစ်ပြီး ၎င်းအားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Be the first to comment

Leave a comment

Your email address will not be published.


*