မိဘ သတိတချက်လွတ်သွားတာနဲ့ အသက်ပါပေးလိုက်ရတဲ့ သမီးငယ်လေး

မိဘ သတိတချက်လွတ်သွားတာနဲ့ အသက်ပါပေးလိုက်ရတဲ့ သမီးငယ်လေး

မိဘတွေဂရုစိုက်ကြပါ တစ်ချက်လေး သတိမထားမိရာကနေ ကလေးငယ်လေး သေဆုံးသွားရရှာပြီ။ကလေးရှိတဲ့အိမ်တိုင်း သတိထားသင့်တဲ့ အရေးကြီးဆုံးအချက်ပါ။ကလေးတွေနဲ့ ပတ်သတ်ပြီး မိဘတွေ သတိထားရမယ့် ကိစ္စတွေက အများကြီးရှိပါတယ်။အထူးသဖြင့် ၃နှစ် ၊ ၄နှစ်အရွယ် ကလေးတွေကို မတော်တဆ အသက်အန္တရာယ်မဖြစ်အောင် စောင့်ကြည့်ရတာ တကယ်ကို မလွယ်လှပါဘူး။

ဒီလိုအရွယ်ကလေးတွေဟာ ဟိုစပ်စပ်ဒီစပ်စပ် ဆော့ တတ်လွန်းတော့ တစ်ယောက်ထည်း လွတ်ထားလို့မဖြစ်ပါဘူး။ကလေးဟာ တစ်ယောက်ထဲ တကုတ်ကုတ် ဆော့နေရင် ကွယ်ရာမှာပစ်မထားပါနဲ့။

အခုပြောပြမယ့် ကလေးငယ်လေးကတော့ မိဘတွေ မသိတဲ့အချိန်မှာ အားသွင်းတဲ့ ပလပ်ပေါက်ထဲကို (ဇွန်း)ထိုးထည့်မိလို့ လျှပ်စပ်ဓာတ်ကူးပြီး ဓာတ်လိုက်သေဆုံးခဲ့ရတဲ့အဖြစ်ဟာ အရမ်းကို ရင်နာဖို့ကောင်းပါတယ်။ဒါကြောင့် အိမ်တိုင်း အိမ်တိုင်းမှာ ပလပ်ပေါက်တွေကို ကလေးတွေ လက်လှမ်းမှီတဲ့နေရာမှာ မထားဖို့ မိဘတွေကို သတိပေးပါရစေ။C r d

Be the first to comment

Leave a comment

Your email address will not be published.


*