ခုရက်ပိုင်း ရန်ကုန်မြို့မှာ ပိန်းပိတ်အောင်မြူခိုးတွေ ရုတ်တရက် ဖုံးလွှမ်းသွားရတဲ့အကြောင်းရင်း

ခုရက်ပိုင်း ရန်ကုန်မြို့မှာ ပိန်းပိတ်အောင်မြူခိုးတွေ ရုတ်တရက် ဖုံးလွှမ်းသွားရတဲ့အကြောင်းရင်း

ရန်ကုန်မြို့ကြီးကိုတော့ ယနေ့မနက်မှာ မြူခိုးတွေက ဖုံးလွှမ်းထားပါတယ်။ အဲဒီမြူတွေ ဘယ်လို ဖြစ်ပေါ်လာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။မြူကျခြင်းအကြောင်း၊ဝန်ကြီးပဒေသရာဇာရဲ့“နွေဦးကာလ မြူထသောအခါ” တျာချင်းထဲကလို မကြာမီရောက်ရှိလာတော့မည့် နွေဦးရာသီ(မတ်၊ဧပြီ၊ မေ)အစမှာ မြူခိုးတွေဝေဆာလို့ နေတော့မှာဖြစ်ပါတယ်။အထူးသဖြင့် နံနက်ခင်းပိုင်းအချိန်များမှာ မြင်တွေ့ရတတ်ပါတယ်။မြူကျခြင်း အမျိုးအစားများစွာထဲက ယခုအချိန်မှာ ဖြစ်ပေါ်သော မြူများသည် အပူဖြာကူးခြင်း (Heat Radiation)ကြောင့်ဖြစ်သော မြူခိုးများ (Radiation Fog) များပင်။

Radiation fog များဖြစ်ဖို့ ကြည်လင်သောကောင်းကင်ပြာပြာနဲ့ လေနုအေးလေးတွေ ရှိဖို့လိုပါတယ်။တိမ်ကင်းစင်တဲ့ ကောင်းကင်ဟာ နေရောင်ခြည်ကို ပိုမိုကျရောက်စေပြီး အပူဓါတ်ကို ကမ္ဘာမြေကြီးက စုပ်ယူပါတယ်။နေ့အချိန်မှာ စုပ်ယူထားတဲ့အပူကို ညအချိန်မှာ ပြန်လည်ဖြာကူးပြီး မြေမျက်နှာပြင်ကို ပူနွေးစေပါတယ်။မြေမျက်နှာပြင်မှာ အေးသော လေနုလေးတွေ တိုက်ခတ်သည့်အခါမှာတော့ အပူနှင့်အအေး ဆုံချက်ကျတဲ့နေရာမှာ မြူခိုးလေးတွေ ဝေဆာလို့လာပါတော့တယ်။(မြူခိုးထဲမှာ ရေခဲမှုန်ငယ် (သို့) ရေခိုးရေငွေ့ နဲ့ မြင်နိုင်သော တိမ်ခိုးငွေ့ တွေ ပါဝင်ပါတယ်။)

နောက်ထပ်တွေ့ရတတ်တဲ့ မြူအမျိုးအစားကတော့ အလျားလိုက်ရွေ့လျားတဲ့ Advection Fog များဖြစ်ပါတယ်။နွေးထွေးပြီးစိုစွတ် (အစိုဓါတ်ရှိ)သော လေများ အလျားလိုက်တိုက်ခတ်ခြင်းကြောင့် ဖြစ်ရပါတယ်။အစိုဓါတ်ပါဝင်တဲ့လေများဟာ ပင်လယ်ဘက်က လာတာဖြစ်လို့ Advection fog (အလျားလိုက်ရွေတဲ့မြူ)များကို ပင်လယ်ကမ်းစပ်၊မြစ်ချောင်းများအနီးမှာ တွေ့မြင်ရတတ်ပါတယ်။မြူပိုထူပါတယ်။ရေပေါ်မှာ ဝေနေတဲ့ မြူခိုးတွေကိုတော့ Steam Fog လို့ခေါ်ပါတယ်။နောက်မြူတစ်မျိုးကတော့ အပေါ်ကိုတက်တဲ့ (Upslope Fog) များဖြစ်ပါတယ်။စိုစွတ်သောလေများ တောင်ကြောင်းတလျှောက် အထက်သို့ဆန်တက်သည့်အခါတွင် ဖြစ်ပေါ်တတ်ပါတယ်။

သိပ်သည်းထူထပ်ပြီး တောင်စောင်းတွေမှာ ဝေဆာနေတဲ့ မြူခိုးများဖြစ်ပါတယ်။စိုစွတ်လေဟာ အထက်ကိုတိုက်သလို တခါတရံ ချောက်ကမ်းပါးအတွင်းသို့လည်း ဝင်ရောက် ဆုံဆင်းတိုက်ခတ်ပြီး အပူ၊အအေးမျှတဲ့နေရာမှာ မြူထတတ်ပါသေးတယ်။အဲ့ဒါကိုတော့ Valley Fog လို့ခေါ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ လေအေးတိုက်နေတဲ့နေရာမှာ မိုးများစွာရွာသွန်းပြီး မြူတွေရွာကျသလို အုံ့ဆိုင်းသွားတဲ့ အရာကိုတော့ Precipitation fog လို့ ခေါ်ပါတယ်။မိုးတိမ်တောင် ရာသီဥတုမျိုးမှာ ရံဖန်ရံခါ ဖြစ်ပေါ်တတ်ပါတယ်။သိပ်အေးလွန်းတဲ့ ဒေသတွေမှာတော့ ရေခဲမှုန်တွေအများအပြားပါဝင်တဲ့ Ice Fog ဆိုတာတော့ ရှိတတ်ပါတယ်။အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Be the first to comment

Leave a comment

Your email address will not be published.


*