ဒီလိုဆီတွေနဲ့ စားသောက်ကုန်တွေ ထုတ်မှတော့…ကြောက်စရာပါ😱
ကြောက်စရာကောင်းတဲ့ ဒီလိုဆီတွေနဲ့ စားသောက်ကုန်တွေထုတ်မှတော့ ဆေးရုံတွေထောပြီပေါ့ဗျာ ကိုယ်တိုင်တွေ့တော့ အရမ်းအံ့သြသွားတယ်။ရိုးရိုးစားအုံးဆီလောက်ပဲ လုပ်ကြတယ်ထင်တာ အခုတော့ဆီက ပလတ်စတစ်နဲ့ပတ်ထားတဲ့ အခဲကြီးဗျာ ကြော်ပြီးစင်တဲ့ဟာတောင် ပြန်ခဲသွားတယ်။ဆီအုန်းသီးရဲ့အပြင် အမျှင်တွေကို ပေါင်းခံကျိတ်ခွဲလျှင် စာအုန်းဆီ(Crude Oil)ကို သန့်စင်ပြီးရင် (၃)မျိုး(၃)စားထွက်ပါတယ်။
1. စားအုန်းဆီသန့်
2. အခဲ Shotening (လွယ်လွယ်ခေါ် အဆီခဲ)လို့ခေါ် ပြီး သူ့ကို-3°Cမှာ ၂၄နာရီကြာခဲပြီးမှ ဈေးကွက်ကိုထုတ်ရောင်းတယ်။အဲ့အခဲကို မာဂျရင်း/ဒိုးနတ်/ကိတ်မုန့်အပေါ်မှ ခရင်/ထောပတ်/အကြော်ခံဆီ အနေနဲ့အသုံးပြုကြပါတယ်။များသောအားဖြင့် လမ်းမတော်/သိမ်ကြီးဈေးနားက ထောပတ်ဆိုင်တွေ အသုံးများပါတယ်။ဈေးချိုတဲ့ ထောပတ်ဖြစ်ဖို့ ပုံထဲကို shotening အနှစ်တွေ ပိုက်အပူကနေ တိုက်ရိုက်ထဲပြီးရင် ဓာတုထောပတ်နဲ့ အရည်နဲ့ရော ပုံးထဲ(၃)ရက်ထားပြီးနောက် အသင့်စားထောပတ်အဖြစ် ဈေးကွက်ကို ထုတ်ရောင်းပါတယ်။
3.ယခုမြင်နေရတဲ့ shoteningက စားသုံသူတွေ အတွက် အလွန်အန္တရာယ်ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ ဘာ့ကြောင့်လဲမေးရင် အစာအစာထဲပါသွားတဲ့ ယခုကဲသို့သော ဆီခဲအသွင့်ပြောင်း မုန့်တွေကိုစားသောက်ပြီးရင်တော့ ထိုအဆီတွေကို ခန္ဓာကိုယ် ပုံမှန်အပူချိန်က မပျော်စေနိုင်လို့ပဲဖြစ်ပါတယ်။ယခုအဆီခဲတွေကို စတင် ပျော်ဖို့ဆိုရင် 108°F လိုအပ်ပါတယ်။လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်က 98 F°မှ အများဆုံး 100°F ပဲရှိပါတယ်။ဖျားနာတဲ့လူတစ်ယောက်ရဲ့ အပူချိန်ဟာ များသောအား 108°F ရှိမယ်ဆိုရင် ကဲ ဒီအဆီတွေပျော်ဖို့ ဖျားနာမှပျော်ပါလိမ့်မယ်။
ဒါကြောင့် အထက်ပါ အစားအသောက်များ အလွန်အမင်း စားသုံးသူတွေဟာ အဝလွန်ခြင်း/အဆီပိတ်ခြင်း/အသည်း အဆီဖုံးခြင်း/နှလုံးသွေးကြောပိတ်ခြင်းစတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။နောက်ဆုံး ကျန်တဲ့အမျိုးအစား ဆီခဲကြမ်းကတော့ ဆပ်ပြာလုပ်တဲ့ နေရာမှာသုံးပါတယ်။ဒါဆိုဆီအုန်းသီးရဲ့ အတွင်းကအစိကို ပေါင်းခံကျိတ်ခွဲတဲ့အခါ ဈေးကွက်ထဲမှာသုံးနေတဲ့ အလှကုန်အမျိုးမျိုးမှာလဲပါဝင်တဲ့ Glycerine (အလှဆီ)အနေနဲ့ အသုံးပြုပါတယ်။(IC Major ဖြင့် စာတမ်းတင်ခဲ့သည်ထဲမှ အနည်းငယ် ပြန်လည်မျှဝေပါသည်) MoonDokomo အား credit ပေးပါသည်။
Be the first to comment