Valentine Dayတွက် သတိပေးစကားဆိုလာခဲ့တဲ့ ပရဟိတ မင်းသမီးချာ မေမေ ခိုင်နှင်းဝေ
အကယ်ဒမီ ခိုင်နှင်းဝေကတော့ ရင်သွေးလေးများဂေဟာနဲ့ မသန်စွမ်းပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်းတွေ အမြဲပြုလုပ်ပေးနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ကြားကနေမှ အချိန်ပေးကာ မိခင် ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ်နော်။ကလေတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့
မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေအဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ်။ကလေးတွေရဲ့ ချစ်စရာလှုပ်ရှားမှုလေးတွေကို လည်း အမြဲဖော်ပြပေးလေ့ရှိတာကို တွေ့ရပါတယ်။ အခုလည်း သားတွေသမီးတွေနဲ့အတူ အလှူသွားရန် ပြင်ဆင်နေကြတဲ့ ပုံ လေးတွေနဲ့အတူ”ပြည့်စုံသျှင် စိန်ရွှေရတနာဆိုင်မှ ဖိတ်ကြားတဲ့ အလှူပွဲလေးကိုသွားကြမလို့ပါရှင်..
ဖေဖော်ဝါရီ ၁၄ ရက်နေ့လဲ ရောက်တော့မှာဖြစ်လို့ ဗယ်လင်တိုင်းဒေးနေ့မှာပဲဖြစ်ဖြစ် ဘယ်နေ့မှာပဲဖြစ်ဖြစ် ကလေးတွေကို ဒုက္ခမပေးပါနဲ့ တာဝန်မယူနိုင်ဘဲ သာယာစိတ်တစ်ခုကြောင့်နဲ့ ကလေးတွေကို လူ့လောကထဲခေါ်ပြီး ဒုက္ခမပေးစေချင်ဘူး မိန်းကလေးတွေလည်း အယုံမလွယ်စေချင်ဘူး”လို့ဆိုပြီးတော့ မေမေ ခိုင်နှင်းဝေက သတိပေးစကားလေး ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
Be the first to comment