တအိမ်သားလုံးကို ကြွက်သ-တ်ဆေးကျွေးပြီး ေ-သကြောင်းကြံခဲ့တဲ့ အိမ်ဖော်မလေး(ဖားကန့်မှာပါ)😱…
တအိမ်လုံးမေ-သလို့ပါ။ကျနော့အိမ်မှာအလုပ်လုပ်တဲ့ စားဖိုမပါ။အလုပ်လုပ်တာ ဆယ်ရက်ကျော်ကျော်ပေါ့။အိမ်က ဖုန်းတွေပျောက်တယ်။ပိုက်ဆံပျောက်တယ် (အဲ့ကလေးမလေးလို့ တအိမ်လုံးမထင်ခဲ့ဘူး) နောက်တော့ စီစီတီဗီ တပ်လိုက်တာပေါ့။တအိမ်လုံးတပ်ပြီး စားဖိုချောင်တခုပဲ ချန်ထားလိုက်တယ်။ကိုယ့်အိမ်က ကလေးတွေတော့ မလုပ်လောက်ပါဘူးပေါ့။အဲဒီနေ့ကတော့ ကျနော့ကိုမေးတယ် (အကိုကြီးခ စီစီတီဗီက မီးဖိုထဲတော့ မမြင်ရဘူးပေါ့မေးလို့ ကျနော်က အေးလေ ငါတို့ မီးဖိုချောင်တော့ မလိုပါဘူးပေါ့)။
နောက်ရက် ကျနော်ခရီးသွားတယ်။အိမ်က လူတွေ အကုန်လုံး အစာအဆိပ်သင့်လို့တဲ့။အမေရယ် အဖေရယ် အလုပ်သမားကောင်လေး ၂ ယောက်ရယ် တနေကုန်အန်၊ ဖျားပြီး ရင်ဘတ်အောင့်တဲ့သူအောင့်ပေါ့။ဒါနဲ့ ဆေးရုံသွား၊ပုဂ္ဂလိကက လက်မခံတော့ ဆေးရုံကြီး ပြေးကြရတယ်။အမေနဲ့အားလုံး လိုအပ်တဲ့ ဆေးဝါးကုသမှုခံရတယ်။အဖေက အိမ်ခဏပြန် အမှိုက်အိတ်တွေ စစ်ဆေးတော့ ကြွက်သ-တ်ဆေးမှုန့်ထုပ်တွေ တွေ့တယ်တဲ့ဗျာ။ ကောင်မလေးကို စခန်းမှာစစ်တော့ အကုန်ဝန်ခံတယ်။ သူလုပ်တာတဲ့ဗျာ။
အားလုံးကို သေကြောင်းကြံတာပေါ့။ဖုန်းခိုးပြီး ငွေတွေသုံးရတော့ စီစီတီဗီလဲတပ်ရော ငွေရပေါက်ပိတ်လို့ လုပ်ကြံပြီး ပိုက်ဆံတွေ ယူမယ်ပေါ့။အကြံကြီးတာဗျာ။ ထင်မထင်ထားဘူး။ကလေးတယောက်ကတော့ နှာခေါင်းပိုက်သွင်းပြီး အစာအိမ်ရှင်းနေရတုန်း ခုထိ။အမေက ၂ရက်ဆက်တိုက် ဆေးပိုက်တွေတန်းလန်းနဲ့ အဖေက ခုထိဆေးရုံ၊ကလေးတယောက်က အနည်းငယ် သက်သာပါပြီ။ကောင်မလေးက အသက် ၁၅ နှစ်ပါ။
ကျနော်တို့ မိသားစုအိမ်မှာ လုပ်ချင်လို့ဆိုပြီး လာပြောလို့ လက်ခံပေးခဲ့မိတာ၊ခုတော့ ခြေနှစ်ချောင်း မကယ်ကောင်းတာ သိခဲ့ရပြီ။အိမ်ဖော်ဆို နောက်မခေါ်ရဲတော့ပါဘူးဗျာ။အိမ်က ခွေးတွေလဲအစာအဆိပ်သင့်ပြီး အကုန်သေကုန်ပြီ။သားသားနဲ့ ဂူးငယ်မရှိတာ အရမ်းကံကောင်းခဲ့တာပါ။ကလေးတွေသာဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ အိမ်ဖော်ခေါ်ရင် သတိထားကြစေချင်လို့ပါဗျာ။ဇော်မင်းဦး(မူရင်းရေးသာသူအား လေးစားမှုဖြင့်–bkr)
Be the first to comment