Valentine Dayတွင်ချိန်းတွေ့ရာမှ သတ္တမတန်းကျောင်း သူလေးကို ဂီတဆရာချစ်သူမှ အလို မတူဘဲ ပြု ကျင့် မှုဖြစ်ပွား
(၁၄ ၂ ၂၀၂၃)ရက်နေ့ နေ့လည်(၉)နာရီခန့် အချိန်တွင် မိခင်ဖြစ်သူ ဒေါ်ရီရီချို (ခ)ချိုချိုသည် အလုပ်မှ နေအိမ်သို့ ခင်ပွန်းဖြစ်သူ ကိုနေလင်းထိုက်နှင့်အတူပြန်လာရာ နေအိမ်တွင် သမီးဖြစ်သူ မနီလာမိုး အသက် (၁၂)နှစ်(၈)လ၊ သတ္တမတန်း တတ်ရောက်နေသည်ကျောင်းသူ ကျန်စစ်သားရပ်ကွက်၊ဒလမြို့နယ်နေသူအား မတွေ့ရှိသဖြင့် အစ်မဖြစ်သူ မမေစန္ဒာ(ခ) ငြိမ်းငြိမ်း ဗိုလ်ဆွန်ပတ်လမ်း၊သပြေကုန်းကျေးရွာ၊ဒလမြို့နယ်နေသူနှင့်အတူ သမီးဖြစ်သူအားလိုက်လံရှာဖွေရာ ဒလမြို့နယ်၊သပြေကုန်းကျေးရွာ ဗိုလ်ဆွန်ပတ်လမ်းရှိ ကျေးဇူးတော်အခမဲ့ ခရစ်ယာန် စာသင်ဝိုင်းပြုလုပ်နေသည် နေအိမ်ရှေ့တွင် သမီးဖြစ်သူ စက်ဘီးအားတွေ့ရှိရပြီး ၎င်းစက်ဘီးအနီးရှိ
စာသင်ဝိုင်း အိမ်ရှေ့လမ်းမပေါ်မှ မောင်နန်လျန်းကိမ်း ဗိုလ်ချုပ်(၁)လမ်း၊ဗညားဒလရပ်ကွက်နေသူမှ နေအိမ်အတွင်းသို့ “ဆရာမရေ” ဟုလှမ်းခေါ်အချက်ပေးသဖြင့် ကျွန်မတို့လဲ ၎င်းစာသင်ဝိုင်း နေအိမ်အတွင်းသို့ဝင်ရောက်ခဲ့ရာ သမီးဖြစ်သူ မနီလာမိုးမှာ နောက်ဖေးအိပ်ခန်းအတွင်းမှ ထွက်လာသည်ကို တွေ့ရှိခဲ့ရပြီး အိမ်ခန်းအပေါက်ဝတွင် ၎င်းကျောင်းမှ ဆရာမဖြစ်သူ မအေးသက်ကျော် အေးမြသာယာရပ်ကွက်၊မြစ်ကြီးနားမြို့နယ်နေသူအား တွေ့ရှိခဲ့ရသောကြောင့်
သမီးဖြစ်သူအား မေးမြန်းရာ သမီးဖြစ်သူနှင့် လွန်ခဲ့သော(၄)လကျော်ခန့်က ချစ်ကြိုက်ဘူးသူ ၎င်းစာသင်ဝိုင်းနေ ဂီတဆရာ မောင်ပေါင်ဇမုန် ချင်း/ခရစ်ယာန် တာဟန်ရပ်ကွက်၊ကလေးမြို့နယ်နေသူနှင့် (၁)နာရီခန့်အကြာ သမီးရည်းစားချိန်းတွေ့ရာမှ သားမယားအဖြစ် (၁)ကြိမ် ကျူးလွန်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ကျွန်မ၏သမီးဖြစ်သူ မနီလာမိုးအား သားမယား အဖြစ်ပြုကျင့်သူ မောင်ပေါင်ဇမုန်အား
အရေးယူပေးပါရန်နှင့် သားမယားအဖြစ် ပြုကျင့်ခံရစေရန် ဖြားယောင်းသွေးဆောင် ဝိုင်းဝန်ကူညီကျသူ မောင်နန်းလျန်းကိမ်းနှင့် မအေးသက်ကျော်တို့(၃)ဦးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ဒလမြို့နယ်၊ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းမှ ရာဇဘတ်ကြီး ပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့်အမှု့ဖွင့်လှစ်ပေးပြီး အမှု့စစ်အရာရှိအဖြစ် စခန်းမှူး ရဲအုပ်ကျော်သူမှ အမှု့အားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
Be the first to comment