သခင်ကို စောင့်မျှော်ရင်း သေဆုံးသွားခဲ့တဲ့ ခွေးလေးကို အစွဲပြုခေါ်ခဲ့တဲ့ သာစည်မြို့နယ်ထဲက “ခွေးရုပ်ဘူတာ”အကြောင်း

သခင်ကို စောင့်မျှော်ရင်း သေဆုံးသွားခဲ့တဲ့ ခွေးလေးကို အစွဲပြုခေါ်ခဲ့တဲ့ သာစည်မြို့နယ်ထဲက “ခွေးရုပ်ဘူတာ”အကြောင်း

သာစည်မြို့နယ်ထဲမှာ အင်္ဂလိပ်ခေတ် လက်ကျန် ရထားဘူတာဟောင်းလေးတခုဖြစ်တဲ့ “ခွေးရုပ်ဘူတာ”ဟာ ကလောဘက်ကလာရင် မြင်းဒိုက်၊ ဆင်တောင် ဘူတာတွေရဲ့ အလွန်မှာရှိပါတယ်။မြင်းဒိုက်နဲ့ ဆင်တောင်ဘူတာကလည်း အင်္ဂလိပ်ခေတ် လက်ကျန် ဘူတာဟောင်းလေးတွေဖြစ်ပြီး ယနေ့အချိန်ထိ အသုံးပြုနေဆဲပါပဲ။ပလောင်တောင်နဲ့ ပိုနီးပါတယ်။ ပတ်ဝန်းကျင်ရွာတွေမှာ ဓနု တိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပါတယ်။

ခွေးရုပ်ဘူတာလို့ အမည်ဖြစ်လာပုံက ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်မှ အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာ ကလောမြို့နယ်ကိုသိမ်းတဲ့ ဂျပန်စစ်ဗိုလ်နဲ့အတူ ခွေးလေးတစ်ကောင် ပါလာပါတယ်။အဲဒီခွေးလေးက သူ့သခင်ဖြစ်တဲ့ ဂျပန်စစ်ဗိုလ်အပေါ်မှာ သိပ်သံယောဇဉ် ကြီးပါတယ်။တစ်နေ့ အဲဒီဂျပန်စစ်ဗိုလ်က ကလောမြို့နယ်ထဲက ယခုခွေးရုပ်လို့ခေါ်တဲ့ ဘူတာနေရာလေးမှာ သူ့ခွေးလေးကို “ပြန်လာခဲ့မယ် ဒီမှာပဲ စောင့်နေပါ” ဆိုပြီး အဲဒီ ဘူတာနေရာကနေထွက်မယ့် ရထားပေါ်တက်သွားပါတယ်။

အမှန်တော့ အဲဒီဂျပန်စစ်ဗိုလ်က ဂျပန်တပ်တွေနဲ့အတူ ရှေ့တန်းတစ်နေရာ ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။ကံဆိုးချင်တော့ ခွေးလေးရဲ့သခင် ဂျပန်စစ်ဗိုလ်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။ခွေးလေးက သခင်ကိုလွမ်းတဲ့စိတ်ကြောင့် အစာရေစာ မစားမသောက်နိုင်ပဲ အဲဒီဘူတာလေးဆီကို နေ့စဉ်လာပြီး သူ့သခင်ပြန်အလာကို စောင့်ကြိုနေခဲ့ပါတယ်။ခွေးလေးက ဘူတာကို နေ့စဉ်နေ့တိုင်း လာစောင့်ရ တာ ကြာလာတော့ အနီးနားဝန်းကျင်ကလူတချို့ တွေကတောင် ခွေးလေးကို မျက်မှန်းတမ်း သတိထားမိနေကြပါပြီ။

နောက်ဆုံး ခွေးလေးဟာ အစာရေစာပြတ်လပ်ပြီး သူ့ သခင်ကို ခင်တွယ်စိတ်နဲ့ ရင်ကွဲနာကျပြီး အဲဒီဘူတာရှေ့မှာပဲ သေသွားခဲ့ပါတယ်။အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ နောင်လာနောင်သား တိုင်းရင်းသားတွေက အဲဒီဘူတာမှာ သေသွားတဲ့ခွေးလေးကို အစွဲပြုပြီး ခွေးရုပ်ဘူတာရယ်လို့ ခေါ်ဆိုကြပါတယ်။

ဒီဖြစ်ရပ်မှန်နဲ့ ဆင်တူအဖြစ်အပျက်တခု ဂျပန်နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ဂျပန်ပြည်၊ တိုကျို မြို့တော် Shibuya ဘူတာရုံမှာ သခင်ဖြစ်သူ ပရော်ဖက်ဆာ ဟိုက်ဇဘူရိုအုအဲနော့ (Professor Hidesaburo Ueno) (၁၈၇၂-၁၉၂၅)ကို ဘူတာရုံမှာစောင့်ရင်း သေသွားတဲ့ ခွေးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ Hachiko statue(ဟာချီကိုး) ရုပ်ထုထုထားတဲ့ ဘူတာရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*