ဂျင်စင်းထက် အဆလေးဆယ်ကျော် အစွမ်းထက်တဲ့ ပင်လယ်ကမ်းစပ်မှ အဖိုးတန် ဓနိဖူးခြောက်

ဂျင်စင်းထက် အဆလေးဆယ်ကျော် အစွမ်းထက်တဲ့ ပင်လယ်ကမ်းစပ်မှ အဖိုးတန် ဓနိဖူးခြောက်

ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်းသည်။အုန်းပင်ပေါက်နှင့် ဆင်တူ ပါသည်။အခြားသီးနှံများကဲ့သို့ ဓာတ်မြေဩဇာ ကျွေးရခြင်း၊ပေါင်းမြက်ရှင်းလင်းခြင်း လုံး၀လုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေများနှင့်ပါလာသော နုန်းမြေ များသည် ဓနိခြံအတွင်းတွင် တင်ကျန်နေခဲ့ပြီး သဘာဝ မြေဩဇာအဖြစ်နှင့် ဓနိပင်များကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအစာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များ အစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန် ရတနာတပါးဖြစ်နေသည်ကို သိရှိသူရှားပါးလှပေသည်။

ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုးအများစုရဲ့ တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် Antioxidant အဆပေါင်း(၄၄)ဆပိုသည်ဟု ကိုရီးယား အစားအစာနှင့် အာဟာရပညာရှင်များ ဆိုပါသည်။ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယား နိုင်ငံ၏ VIP အစားအစာအဖြစ် နေရာယူလျက်ရှိနေ ပါသည်။ဆီးချိုသွေးချို၊သွေးတိုး၊အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။

သောက်သုံးနည်းကတော့ ရေနွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက် အာနိသင်မပြယ်ပါ။အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။မြန်မာပြည်မှာတော့ ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ ဈေးကြီးတဲ့ပစ္စည်းပါ။ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက်အကူပြုသော မြန်မာပြည်ဖွား ဓနိဖူးခြောက်ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်း လိုက်ရလေတော့သတည်း။C r d

Be the first to comment

Leave a comment

Your email address will not be published.


*