ခွေးလေးတွေကို ကိုက်ခိုင်းပြီး မန်ဘာကြေးယူကာ လောင်းကစားပွဲလုပ်နေတဲ့အပေါ် ကန့်ကွက်မှုများ မြင့်တက်နေ

ခွေးလေးတွေကို ကိုက်ခိုင်းပြီး မန်ဘာကြေးယူကာ လောင်းကစားပွဲလုပ်နေတဲ့အပေါ် ကန့်ကွက်မှုများ မြင့်တက်နေ

Thu Yeinn ဆိုသည့်လူမှုကွန်ယက် သုံးစွဲသူတစ်ယောက်မှ ခွေးနှစ်ကောင်ကို ကိုက်ခိုင်းပြီး အလောင်းအစား ပွဲပြုလုပ်နေသည့်အပေါ် လူမှုကွန်ရက်တွင် လူအများမှ ပြစ်တင်ဝေဖန်မှုများ မြင့်တက်နေသည်ကို တွေ့ရတာပဲဖြစ်ပါတယ်။ Thu Yeinn ဆိုသည့် အကောင့်ပိုင်ရှင်သည် လွန်ခဲ့သည့် သုံးရက်က ၎င်းပိုင်ဆိုင်သည့် မောင်ဇိုးဟု အမည်ပေးထားသော ခွေးတစ်ကောင်ကို လည်ပင်းကြိုးအထိန်းဖြင့် လူတစ်ဦးက ဆွဲထားပြီး တခြားခွေးတစ်ကောင်ဖြင့် ကိုက်နေသည့် ဗီဒီယိုကို တင်ခဲ့ရာမှ လူအများမှ ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အဲ့ဒီဗီဒီယိုတွင် “မောင်ဇိုးရဲ့ သွေးပူစမ်းတဲ့ လမ်းဘေးတိုက်ပွဲလေးပါ။မောင်ဇိုးရဲ့ တိုက်ခိုက်ပုံကတော့ ချက်ကောင်းကို အမိအရခဲပြီး မေးရိုးကတော့ လော့ခ်ကျသလို ပြန်မလွှတ်တော့ပါဘူး”ဆိုသည့် စာသားကိုလည်း ရေးထားသည်ကို တွေ့မြင်ရတာပါ။

“နင်တို့ ပိုင်ရှင်နှစ်ကောင် ကိုက်ကြပါလား၊ မန်ဘာကြေးပေးပြီး ကြည့်မယ်လေ ၊ ပိုင်ရှင်နှစ်ကောင် ကိုက်တဲ့ပွဲအရင်လုပ်ပေး ၊ အောက်တန်းစားပိုင်ရှင်အချင်းချင်းပဲ ကိုက်ကြပါလား၊ မန်ဘာကြေး ငါးဆလောက်ပေးပြီး ကြည့်မယ်”အစရှိသည့် ကွန်မန့်ပေါင်းများစွာကို ရေးသားထားကြပြီး အဲ့ဒီဖြစ်စဉ်အပေါ်မှာ လူမှုကွန်ရက်အသုံးပြုသူများမှ ကန့်ကွက်ဝေဖန်မှုများ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့မြင်ရတာပဲဖြစ်ပါတယ်။

အဲ့ဒီဗီဒီယိုကြောင့် ယခုလို ကန့်ကွက်ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေသော်လည်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ခွေးနှစ်ကောင်ကို ကိုက်ခိုင်းသည့်ပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ကြည့်ရှုလိုသူများအတွက် မက်ဆင်ဂျာဂရုဖွဲ့ပေးမည်ဖြစ်ကာ ဂရုဝင်ကြေးပေး၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အလောင်းအစားလည်း ပြုလုပ်နိုင်ကြောင်း သူ့ရဲ့ Thu Yeinn အကောင့်မှ ဆက်လက်ကြော်ငြာထားသည်။

“ပွဲဖြစ်မြောက်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူစီစဉ်ပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ပထမဆုံး ပြည်တွင်း တွဲဆိုင်းဖြစ်လို့ ဒီပွဲကိုမကြည့်လိုက်ရရင် ရင်နာစရာ နှမြောစရာကောင်းမှာကြောင့် လက်လွှတ်မခံသင့်ပါဘူး။ကြည့်ရှုလိုသူများ စာရင်းကြိုတင်သွင်းကြပါ။ မက်ဆင်ဂျာဂရုရှိပါတယ်။ အဖွဲ့ဝင်ကြေး ရှိပါမယ်။ ကြည့်ရှုသူအချင်းချင်း အပျော်တမ်း လောင်းကြေးထပ်ခွင့်ပေးပါမယ်”ဟု ရေးသားကြော်ငြာထားတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*