“မင်း ဘာကြည့်တာလဲ” ဟုဆိုကာ သုံးဘီးမောင်းလာသူအား ဓ ားနဲ့ဝိုင်းထိုးမှု လှိုင်သာယာ၌ဖြစ်ပွား
ရန်ကုန်တိုင်း၊လှိုင်သာယာ(အရှေပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်၊ကျန်စစ်သားလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၆ရက်၊ညနေ၃နာရီခွဲခန့်က သုံးဘီးမောင်းလာသူကို ဓါးနဲ့ဝိုင်းထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
“လှိုင်သာယာ၊အမှတ်၆ရပ်ကွက်မှာနေတဲ့ စည်သူဖြိုးက သုံးဘီးမောင်းကာ သူ့နဲ့မယားညီအကိုတော်သူ မိုးထက်အောင်တို့နှစ်ဦးမှာ တွံတေးမှသုံးဘီးဖြင့်ပြန်လာစဉ် ကျန်စစ်သားလမ်းပေါ်အရောက် စည်သူဖြိုးက လမ်းတစ်ဘက်ခြမ်းကိုကြည့်လိုက်တာ လမ်းတဘက်မှာရပ်နေတဲ့
အမည်မသိလူတစ်ဦးက “မင်းဘာကြည့်တာလဲ မင်းတို့သတ္တိရှိရင် လမ်းဘေးချရပ်”လို့ ပြောလိုက်၍ စည်သူဖြိုးက လမ်းဘေးသုံးဘေးရပ်လိုက်စဉ် လူ(၂)ဦးရောက်လာပြီး စည်သူဖြိုးကို ဓါးနဲ့ဝိုင်းထိုးကြတာ”ဟု မိုးထက်အောင်၏ ပြောဆိုချက်မှ သိရပါတယ်။
ဓါးဖြင့် ဝိုင်းထိုးခံရသဖြင့် စည်သူဖြိုးတွင် ယာနံစောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ခါးနောက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ယာပေါင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာလက်ဖြန်ပြတ်ရှာဒဏ်ရာ(၁)ချက်၊နဖူးပြတ်ရှ ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)တို့ရရှိကာ
လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဆက်လက်ပြောဆိုပါတယ်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူများ(စုံစမ်းဆဲ)အား အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
Be the first to comment